ဒေါ်အောင်ဆန်းစုကြည်အမှု ရက်စွဲမှတ်တမ်း

၂၀၁၀ ဖေဖေါ်ဝါရီ ၂၆ - ဗဟို တရားရုံးချုပ်က ဒေါ် အောင်ဆန်းစုကြည်ရဲ့ အမှု ပြင်ဆင်ခွင့် အယူခံကို ပယ်ချ။
၂၀၁၀ ဇန္နဝါရီ ၁၈ - ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အတွက် တရားရုံးချုပ်မှာ နှစ်ဘက်စလုံးက နောက်ဆုံးလျှောက်လဲချက်ပေး။ တရာသူကြီးတပါးထိုင်အစား၊ နှစ်ပါးထိုင်ခဲ့။ တလအတွင်း အပြီးသတ် အမိန့်ချမှတ်နိုင်။
၂၀၁၀ ဇန္နဝါရီ ၁၅ - ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီးထပ်မံတွေ့ဆုံ။
၂၀၁၀ ဇန္နဝါရီ ၁၂ - ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ရှေ့နေများ အမှုအတွက် ဆွေးနွေးရန်တွေ့ခွင့်ရ။
၂၀၀၉ ဒီဇင်ဘာ ၂၁ - တင်ခွင့်ပြုခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်ကို တရားရုံးချုပ်လက်ခံ။
၂၀၀၉ ဒီဇင်ဘာ ၄ - ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် ကို တရားရုံးချုပ်က တင်ခွင့်ပြု။
၂၀၀၉ နိုဝင်ဘာ ၁၃ - တိုင်းတရားရုံးက ပယ်ချလိုက်သည့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တရားရုံးချုပ်ကို တင်သွင်း။
၂၀၀၉ အောက်တိုဘာ ၁၆ - တရားရုံးချုပ်သို့ အယူခံ ဆက်ဝင်ရန် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ၏ ရှေ့နေများတွေ့ဆုံ ဆွေးနွေး။
၂၀၀၉ အောက်တိုဘာ ၂ - ဒေါ်အောင်ဆန်းစုကြည် အယူခံကို ရန်ကုန်တိုင်းတရားရုံးက ငြင်းပယ်လိုက်သည်။
၂၀၀၉ စက်တင်ဘာ ၄ - ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံလိုက်ပြီ။
၂၀၀၉ စက်တင်ဘာ ၃ - ဒေါ်အောင်ဆန်းစုကြည် အယူခံ ရန်ကုန်တိုင်း တရာရုံးကို တင်ပြီ။
၂၀၀၉ သြဂုတ် ၁၆ - Mr. Jim Webb မြန်မာပြည်ကပြန်လည်ထွက်ခွာ၊ မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ဂျွန်ယက်တော ပါ ခေါ်ပြန်သွား။
၂၀၀၉ သြဂုတ် ၁၅ - Mr. Jim Webb ဗိုလ်ချုပ်မှူးကြီး သန်းရွှေတွေ့ပြီး၊ မစ္စတာယက်တောကို လွှတ်ပေးဖို့ဆွေးနွေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ခွင့်ရ။
၂၀၀၉ သြဂုတ် ၁၄ - အမေရိကန်အထက်လွှတ်တော်အမတ် Mr. Jim Webb မြန်မာနိုင်ငံကို ၃ ၇က်ကြာ အလည်အပတ်ရောက်ရှိ။
၂၀၀၉ သြဂုတ် ၁၁ ရက် - ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပြီး၊ ပြစ်မှုတဝက်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် လျော့ပေးကာ ကျန်တဝက်ကို နေအိမ်အကျယ်ချုပ် ကျခံရမှာဖြစ်ပါတယ်။ မစ္စတာယက်တောကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။
၂၀၀၉ ဇူလိုင် ၃၁ ရက် - စီရင်ချက်ချဖို့ သြဂုတ်လ ၁၁ ရက် နေ့ရွှေ့ဆိုင်း။
၂၀၀၉ ဇူလိုင် ၂၇ ရက် - နှစ်ဖက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲ။
၂၀၀၉ ဇူလိုင် ၁၀ ရက် - ဒေါ်အောင်ဆန်းစုကြည်ဘက် က နောက်ဆုံးသက်သေထွက်ဆို။
၂၀၀၉ ဇွန် ၉ ရက် - ပယ်ချထားတဲ့ သက်သေထဲက ဒေါ်ခင်မိုးမိုး ကို သက်သေလိုက်ခွင့်ပြု။
၂၀၀၉ မေ ၃၀ ရက် - အပြီးသတ်လျှောက်လဲမှုမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေ တွေ့ခွင့်ရ။
၂၀၀၉ မေ ၂၈ ရက် - ဒေါ်အောင်ဆန်းစုကြည်ဘက်က တဦးတည်းသော သက်သေ ဦးကြည်ဝင်း သက်သေထွက်ဆို
၂၀၀၉ မေ ၂၇ ရက် - ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလေးဦးအနက် ၃ ဦး (ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ ဒေါ်ခင်မိုးမိုး) ကိုပယ်ချ။ ဦးကြည်ဝင်း တဦးသာ သက်သေလိုက်ပါခွင့်ရ။
၂၀၀၉ မေ ၂၆ ရက် - ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားမှုကို ရုပ်သိမ်း။
၂၀၀၉ မေ ၂၂ ရက် - ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်ရဲ့ တရားစွဲချက်ကို တရားရုံးကလက်ခံ။
၂၀၀၉ မေ ၂၀ ရက် - ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည့် ကိစ္စ ကြေညာချက် ထုတ်ပြန်နိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများ အလွတ်သဘောဆွေးနွေး။
၂၀၀၉ မေ ၁၈ ရက် - အမှု စတင် ကြားနားစစ်ဆေးသည်။ ရှေ့နေကိုယ်စားလှယ်လွှဲစာများတင်သွင်းပြီး၊ အမှုတစ်မှုစီအတွက် တရားလိုပြသက်သေ တဦးစီအားစစ်ဆေးခဲ့သည်။
၂၀၀၉ မေ ၁၆ ရက် - ဒေါ်အောင်ဆန်းစုကြည် တရားခွင်ကို သွားရောက်လေ့လာမယ့် ဗြိတိသျှ ရှေ့နေတွေ ပြည်ဝင်ခွင့် ဗီဇာမရ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းအား ဖမ်းဆီးထားရာမှာ ပြန်လွှတ်ပေး။
၂၀၀၉ မေ ၁၅ ရက် - ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ရှေ့နေလိုက်ပေးရန် ပြင်ဆင်နေသည့် ရှေ့နေ ဦးအောင်သိန်း၏ ရှေ့နေလိုင်စင် အသိမ်းခံရ။
၂၀၀၉ မေ ၁၄ ရက် - ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကနေ အင်းစိန်ထောင်သို့ ခေါ်သွား။
၂၀၀၉ မေ ၁၃ ရက် - အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာယက်တောနှင့်တွေ့ခွင့်ရ။
၂၀၀၉ မေ ၁၁ ရက် - ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူနေသူ ၂ ဦး နဲ့ မစ္စတာယက်တော တို့ကို တရားစွဲ။
၂၀၀၉ မေ ၆ ရက် - မနက်စောစောပိုင်း မစ္စတာယက်တောကို လုံခြုံရေးက ဖမ်းမိ။
၂၀၀၉ မေ ၅ ရက် - မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ညပိုင်းပြန်ထွက်ခွာ။
၂၀၀၉ မေ ၄ ရက် - ဒေါ်အောင်ဆန်းစုကြည်က ဂျွန်ယယ်တော ကို အမြန်ပြန်သွားဖို့ပြောကြား၊ မစ္စတာယက်တော က တညတည်းခိုခွင့်တောင်းဆို။
၂၀၀၉ မေ ၃ ရက် - အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အင်းယားကန်ကို ရေဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲ ခိုးဝင်။








