မြန်မာနိုင်ငံရဲ့အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီးနှစ်ခုအဆက်သွယ်ပြတ်

မန္တလေးကနေ မူဆယ်သွားတဲ့ လမ်းမပေါ်မှာကုန် ကားတွေရာနဲ့ချီပြီး ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, မန္တလေးကနေ မူဆယ်သွားတဲ့ လမ်းမပေါ်မှာကုန် ကားတွေရာနဲ့ချီပြီး ပိတ်မိနေ

တရုတ်နယ်စပ်နဲ့ထိုင်းနယ်စပ်ကိုရန်ကုန်နဲ့ဆက်သွယ်ထားတဲ့ ကုန်စည်စီးဆင်းရာလမ်းကြောင်းကြီးတွေဟာသြဂုတ်လ ၁၅ ရက်နေ့ကစပြီး နှစ်ခုစလုံးအဆက်သွယ်ပြတ်တောက်ပြီး ကားတွေပိတ်မိနေကြတယ်လို့ ဘုရင့်နောင် ရိုးကြီးချောင်းလမ်းက ရေထွက်ကုန် ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ ကပြင်ဦးလွင်နဲ့ နောင်ချိုမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မန္တလေးကနေ မူဆယ်သွားတဲ့ လမ်းမပေါ်မှာ ကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ် လို့လည်း မူဆယ်နယ်စပ်ကုန်သည်တွေကပြောပါတယ်။

ထိုင်းဖက်ကိုသွားတဲ့ မြဝတီ ကော့က ရိတ် ဘားအံလမ်းဘက် မှာလည်း ရေကြီးလို့ သွားလာလို့ မရ ဖြစ်နေတာ ၅ ရက်လောက်ရှိပြီလိုလည်း ကုန်သည်တွေကပြောပါတယ်။

ရန်ကုန်ကို အဲဒီ့ကုန်သွယ်ရေး လမ်းကြောင်းကြီးတွေကနေ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါးအိမ်ဆောက်ပစ္စည်းတွေအပြင် သစ်သီး၊ဘုရားပန်း ကအစ တင်ပို့ရောင်းဝယ်နေကြတာ ဖြစ်ပါတယ် ။

မနေ့ ကနောင်ချိုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဂုတ်တွင်းတံတားမိုင်းခွဲခံရပြီး မူဆယ် အတက်ကားတွေဟာ ပြင်ဦးလွင်မှာပိတ်မိနေကြပါတယ်။မူဆယ်ကနေ မန္တလေး အဆင်းကားတွေကတော့ သီပေါမှာစောင့်နေကြတယ် လို့ ဘုရင့်နောင်ပွဲရုံက လုပ်ငန်းရှင် ကပြောပါတယ် ။

ဂုတ်တွင်းတံတားမိုင်းခွဲခံရပြီး အစိုးရက တော့ငါးရက်အတွင်းပြန်သွားနိုင်အောင်လုပ်မယ်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ဂုတ်တွင်းတံတားမိုင်းခွဲခံရပြီး အစိုးရက တော့ငါးရက်အတွင်းပြန်သွားနိုင်အောင်လုပ်မယ်ပြောပါတယ်။

"အခုရက်ပိုင်း မူဆယ်အတက်က ဆန် နဲ့ ပဲတွေ ပို့တာများတယ်၊ ကျွန်တော်တို့က တော့ငါးဆားနယ် ပို့တာပါ" လို့ ဘုရင့်နောင် က လုပ်ငန်းရှင် ကပြောပါတယ်။

မူဆယ်နယ်စပ်ကနေ မြန်မာပြည်ထဲဝင်နေတာ ကတော့ ပန်းသီး ၊သစ်တော်သီး၊ ပျားလိမ္မော် ကစပြီး ဘုရားပန်းတွေပါ အပါဝင် အိမ်ဆောက်ပစ္စည်း အဝတ်အထည်၊ လူသုံးကုန်တွေ ပါတင်သွင်းနေကြတာဖြစ်ပါတယ်။

"ထိုင်းဘက် ကပိတ်လို့ တရုတ်ဘက် ကသွင်းတာလေးနဲ့မှီပြီးရောင်းနေတာ ၊ တရုတ်ဘက်ကပါလမ်းပိတ်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ပြီ "လို့ ရန်ကုန် မြို့ ဈေးဝယ်စင်တာတွေမှာ ဖက်ရှင်နဲ့ အလှကုန်ပစ္စည်းတွေဆိုင်ဖွင့်ရောင်းချနေတဲ့ မကြူကပြောပါတယ်။

ထိုင်းဖက်ကတော့ ပြီးခဲတဲ့သြဂုတ်လ ၁၀ ရက်လောက်က စပြီး ကုန်ကားတွေမဝင်တော့ဘူးလို့လည်း ရန်ကုန်ကလုပ်ငန်းရှင်တွေကပြောပါတယ်။

မိုးရာသီကာ ငါးဖမ်းခွင့်ပိတ်ထားတာကြောင့် အခုရက်ပိုင်း ထိုင်းဘက်ကနေ ငါးတွေဝင်နေတာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုးရာသီကာ ငါးဖမ်းခွင့်ပိတ်ထားတာကြောင့် အခုရက်ပိုင်း ထိုင်းဘက်ကနေ ငါးတွေဝင်နေတာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီကာလငါးဖမ်းခွင့်ပိတ်ထားတာကြောင့် အခုရက်ပိုင်း ထိုင်းဘက်ကနေ ငါးတွေဝင်နေတာ ရှိပါတယ်။

"ထိုင်းဘက် က ကကတစ်၊ ငါးကြင်း၊ ပုဇွန်က အစ ရန်ကုန်ကို ဝင်နေတယ်။ ဒီက ကကတစ် ကဈေးကြီးတော့ ထိုင်းငါးတွေပဲ စားနေရတာ "လို့ လည်း ကြည်မြင့်တိုင် ကအိမ်ရှင်မ ဒေါ်ချို ကပြောပါတယ်။

ကြည့်မြင်တိုင်ငါးဈေး ကို ထိုင်းဖက်က ငါးကားတွေ မဝင်ရင် ဈေးတွေထပ်တက်ကုန်မယ် လို့ သူ့အမြင်ကိုပြောပါတယ်။

ဖက်ရှင်နဲ့ အလှကုန် ပစ္စည်းတွေဆိုင်ဖွင့်ရောင်းချနေတဲ့ မကြူကတော့ ကျွန်မတို့တော့ "ရှိတဲ့ကုန်လေးထိန်းရောင်းနေတယ် ပြတ်သွားရင်တော့ ဘာလုပ်ရမှန်းမသိဘူး"လို့ ပြောပါတယ် ။

အစိုးရဘက်ကတော့ မူဆယ်လမ်းကို ၅ ရက်အတွင်းပြန်ဖွင်နိုင်တယ်ပြောပေမယ့် ဘားအံ မြဝတီ ကော့ကရိတ် လမ်း အခြေနေကတော့ မသိရသေးပါဘူး ။

သြဂုတ်လ ၁၅ ရက်နေ့ က နောင်ချိုတိုးဂိတ် ကတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၅ ရက်နေ့ က နောင်ချိုတိုးဂိတ် ကတိုက်ခိုက်ခံရ

မူဆယ်၁၀၅ မိုင် မှာ ကုန်စည် စီးဆင်းမှု ရပ်နေပြီး လောလောဆယ်တော့ မန္တလေး ဘက်မှာ တရုတ်ကနေ့စဉ်ဝင်နေတဲ့ စားသောက်ကုန်တွေပြတ်ကုန်ပြီ လို့လည်း၊ မူဆယ်ကုန်စည်ဒိုင်ဥက္ကဌ ဦးဝင်းအောင်ခန့် ကဘီဘီစီကို ပြောပါတယ် ။

ဒါ့အပြင် ဒီကိစ္စဟာ ရန်ကုန် ထိပါ သက်ရောက် မှုတွေရှိနိုင်တယ်လို့ လည်း ဦးဝင်းအောင်ခန့် က သုံးသပ်ပါတယ် ။

" ရန်ကုန်မှာတော့ တရုတ်ကလာတဲ့သစ်တော်သီး တစ်လုံးငါးရာဖြစ်ကုန်ပြီ ပန်းသီးတွေလည်းစျေးတက်တယ် လတ်လတ်ဆတ်ဆတ်မရှိဘူး " ရန်ကုန်က အိမ်ရှင်မတစ်သီးကပြောပါတယ်။

" မူဆယ်နယ်စပ်ကတော့ ကလုံးဝ မျှော်လင့်ချက်မဲ့သွားတာတော့ မဟုတ်ဘူး၅ ရက်နေ ရင် ပြန်ဖွင့်မယ်ဆိုတော့ အရောင်းအဝယ် တွေ ပြန်အဆင်ပြေမှာပါ ဘားအံ ဘက်ကို လည်းရေမြန်မြန် ကျပါစေဆုတောင်းနေရတယ် "လို့ လည်း ဘုရင့်နောင်က လုပ်ငန်းရှင်ကပြောပါတယ် ။