ဗစ်တိုးရီးယားအမှု ပထမဆုံးရုံးချိန်း စစစ်ပြီ

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေး တဲ့ မိန်းကလေးငယ် ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ပထမဆုံးရုံးချိန်းကို ဒီကနေ့ ဇူလိုင် ၁၅ရက်နေ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။
တရားခွင်ကြားနာစစ်ဆေးမှုမစတင်ခင်မှာပဲ လာရောက်စောင့်ကြည့်လေ့ လာနေတဲ့ပြည်သူအများ အပြား ရှိနေပါတယ်။
'' အမှုစစ်ဆေးမယ့်နေ့မှာ တရားရုံးအနေနဲ့ ဒေသခံတွေလာရောက်နားထောင်နိုင်ဖို့ လူ ၅၀ စာ ပြင်ဆင် ထားတယ်။''လို့ သံသယတရားခံ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ ရှေ့နေဖြစ်သူ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးထား တဲ့သံသယတရားခံ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးကို ဒီကနေ့ဇူလိုင် ၁၅ရက်နေ့မှာ ပထမဆုံး အနေနဲ့ စတင်တရားရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဇူလိုင်လ ၄ ရက်မှာ အဲဒီမူကြိုကျောင်းရဲ့ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို ခဲ့တယ်လို့ ခရိုင်တရားရုံးက သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးညိုဌေးကမီဒီယာတွေကို ပြောဆိုထားပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ ဘာတွေစစ်ဆေးမှာလဲ
ဒီကနေ့ ရုံးချိန်းမှာ တခြားသက်သေတွေကို မစစ်ဆေးသေးဘဲ ရှေ့နေပါဝါယူတာ၊ ဥပဒေနဲ့ဆိုင် တဲ့အချက် အလက်တွေကိုပဲတင်ပြမှာဖြစ်တယ်။
နောက်ပိုင်းရုံးချိန်းတွေမှာတော့ တရားသူကြီးဘယ်နှစ်ယောက်ထိုင်မလဲ သက်သေဘယ်နှစ်ဦး တင်မလဲဆို တာတွေ သိရမယ်လို့လည်း သံသယတရားခံ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင် ဇော်ကပြောပါတယ်။
အမှုကို ဒီကနေ့ မနက် ၁၀နာရီမှာ စတင်ခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကို လာမယ့် ၂၄ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

စွပ်စွဲခံရသူဘက်က ဘာပြောသလဲ
ဒီကနေ့ ရုံးထုတ်တယ်။ကျွန်တော့်သားကို တရားခွင်မှာတွေ့တယ်။ ၂၄ရက်ကို ပြန်ချိန်းလိုက်တယ်
ရဲက ပထမတစ်ခေါက် စစ်တဲ့အချိန် တည်းက သူမဟုတ်ဘူး။ သူမတရားခံရတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပါတယ်။ပထမတစ်ခါဖမ်းပြီး ပြန်လွှတ်ပြီးမှ ပြန်ဆွဲတယ်ဆိုတော့ CCTV အရကော ကျွန်တော့်သား ဟုတ်တယ် မဟုတ်ဘူးဆိုတာ ပြည်သူလူထုကသိပါတယ်။
မီဒီယာကော ပြည်သူတွေကိုကော မဟုတ်တဲ့အတွက် ကျွန်တော်တို့ဘက်ကရပ်တည်ပေးပါလို့ သံသယတရားခံရဲ့ဖခင်ဖြစ်သူက ဒီကနေ့ ပထမဆုံးအကြိမ် တရားရုံးထုတ်အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

ရဲဘက်ကဘာပြောထားလဲ
ဒုရဲချုပ် အောင်နိုင်သူကတော့ အောင်ကြီးကို မသင်္ကာ လို့ ပထမအကြိမ် ခေါ်ယူစစ်ဆေးစဉ်က သိမ်းထားတဲ့ အောင်ကြီးရဲ့ အတွင်းခံဘောင်းဘီမှာ သုက်ပိုးတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒုရဲချုပ် အောင်နိုင်သူက သူ့ရဲ့ မှန်းဆတွေးတောချက်ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
ကလေးက ဒီအရွယ်လေးမှာ ဒီလူကြီးက လုပ်တာကို ကလေးက ဒီလောက်လေးပဲလားလို့ (ဒီလောက် လေးပဲ ဒဏ်ရာရသလားလို့)အဲသလို သုံးသပ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ သို့သော် ကျွန်တော်တို့ ဒါနှမချင်း မစာနာလို့ ပြောတာ မဟုတ်ပါဘူး။ ကလေးက ပြောနေတာ သူလက်နဲ့ လုပ်ပါတယ်လို့ ပြောနေတာ။ အဲသလိုဆိုရင် ဘာပြုလို့ sperm (သုက်ပိုး) ရှိနေတာလဲလို့ ခင်ဗျားတို့ မေးမှာပေါ့။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားမယ်လို့ (ပေါင်ကြားကို ညွှန်ပြရင်းပြော)ကျွန်တော်တို့ သုံးသပ်ရပါတယ်။ နှိုက်ထားပြီးတော့မှ ကလေးကို နှိုက်လိုက်ရင်တော့ ဒီ sperm ဟာ ပါသွားနိုင်ပါတယ်။
ဒါက ဒုရဲချုပ်ရဲ့ ယူဆချက်၊ မှန်းဆချက်ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒီအမှုဘယ်လိုစဖြစ်တာလဲ
Wisdom Hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား (နာမည်ရင်းမဟုတ်)ကို တစုံတယောက်က မုဒိမ်းပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိဘတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
မေ ၁၆ ရက်နေ့က ဗစ်တိုးရီးယားရဲ့ မအင်္ဂါမှာ သွေးစတွေ့လို့ ဆေးရုံမှာ သွားပြခဲ့ရာမှာ ဆရာဝန်က ထိုးသွင်းဒဏ်ရာတွေ့ကြောင်း၊ သုက်ပိုးတွေ့ကြောင်းပြောခဲ့လို့ မိဘတွေက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ရုံးချိန်းမှာ ဘာတွေစစ်မလဲ
လာမယ့် တရားရုံးချိန်းမှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး သက်သေတွေကို စတင်စစ်ဆေးနိုင်ဖွယ်ရှိ တယ် လို့လည်း သိရပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ သံသယရှိတရားခံနဲ့ နှစ်ဘက် ရှေ့နေတွေလာရောက်ခဲ့ပါတယ်။
လာမယ့်ရုံးချိန်းမှာ နှစ်ဘက် စစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိပြီး ကလေးငယ်ကိုတော့ video Conference(အွန်လိုင်းကွန်ရက် ရုပ်သံ ဆက်သွယ်မှု စနစ်)နဲ့စစ်ဆေးသွားမယ်လို့ ဒီကနေ့ ရုံးထုတ်အပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံသယတရားခံဘက်ကရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။










