သီရိလင်္ကာ ဘုရားကျောင်းနဲ့ ဟိုတယ်တွေကပေါက်ကွဲမှု သေဆုံးသူအရေအတွက် ၂၉၀ ထိရောက်

ဓာတ်ပုံ ရင်းမြစ်, ISHARA S. KODIKARA/AFP/Getty Images
သီရိလင်္ကာက ဘုရားကျောင်းနဲ့ ဟိုတယ်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်၂၉၀ ရှိပြီ ဖြစ်ပြီး အနည်းဆုံး ၅၀၀ လောက်ဒဏ်ရာ ရရှိတယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့ကပြောပါတယ်။
သီရိလင်္ကာက ဘုရားကျောင်းနဲ့ ဟိုတယ်တချိုပါဝင် နေရာရှစ်နေရာ မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီဖောက်ခွဲမှုတွေဟာ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ညနေ၆ နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့်ထုတ် ထားပြီး ရဲကလူ ၂၄ ဦးကိုဖမ်းထားပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာ ဘယ်အဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆို တာမရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်တဲ့ဒီကနေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်တွေထဲကတစ်ခုဖြစ်တဲ့ အီစတာပွဲတော်နေ့ လည်း ဖြစ်ပါတယ်။
အစိုးရက နိုင်ငံအတွင်း အဓိက အသုံးများတဲ့ဆိုရှယ်လူမှုကွန်ယက် အချို့ ကိုပိတ်ထားပါတယ်။

ပေါက်ကွဲမှုကြောင့်ဒဏ်ရာသူတွေထဲမှာနိုင်ငံခြားသား အချို့ပါတယ်လို့ သီရိလင်္ကာသတင်းမီဒီယာတွေက ရေးပါတယ်။
ဒဏ်ရာရသူတွေထဲမှာ သီရိလင်္ကာ ရဲတပ်ဖွဲ့ဝင်၃ ဦးပါတယ်လို့ နောက်ဆုံးရတဲ့သတင်းတွေအရသိရပါတယ် ။
အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ထားသလို လူတွေရာနဲ့ချီ ဒဏ်ရာရတာတွေရှိပြီး ပေါက်ကွဲမှု အနည်းဆုံး ခြောက်ကြိမ်ဖြစ်ပွားခဲ့ ပါတယ်၊ အဲဒီဖောက်ခွဲမှုတွေဟာ ခရစ်ယာန် ဘုရားကျောင်း သုံးခုကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီပေါက်ကွဲမှုတွေထဲမှာ သီရိလင်္ကာမြို့တော် ကိုလံဘိုက နာမည်ကြီး ရှန်ဂရီလာဟိုတယ်အပါအဝင် အခြား ဟိုတယ်နှစ်ခုလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ISHARA S. KODIKARA/AFP/Getty Images
လူမှုကွန်ရက်တချို့မှာ ဖော်ပြထားတဲ့ St Sebastian's ဘုရားရှိခိုးကျောင်းရဲ့အတွင်းပိုင်းဓာတ်ပုံတွေမှာတော့ မျက်နှာကျက်နဲ့ ခုံတန်းရှည်တွေမှာ သွေးတွေပေစွန်းနေတဲ့ ကြေကွဲဖွယ်မြင်ကွင်းတွေကို တွေ့ရပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာသူတွေထဲမှာ နိုင်ငံခြားသားကမ္ဘာလှည့်ဧည့်သည်တွေလည်းပါနိုင်တယ်လို့ သီရိလင်္ကာသတင်းမီဒီယာတွေက ရေးသားဖေါ်ပြထားပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာ ဘယ်အဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆို တာမရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်တဲ့ဒီကနေ့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်တွေထဲကတစ်ခုဖြစ်တဲ့ အီစတာပွဲတော်နေ့ လည်း ဖြစ်ပါတယ်။








