လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ် အရေအတွက် လျှော့ချဖို့ ဆွေးနွေးမယ်

ဖွဲ့စည်းပုံပြင်ရေး ကော်မတီဖွဲ့ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေကန့်ကွက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဖွဲ့စည်းပုံပြင်ရေး ကော်မတီဖွဲ့ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေကန့်ကွက်ခဲ့

လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်မှုကို လျှော့ချဖို့ တင်ပြလာသူတွေရှိသလို လုံးလုံးမပါဝင်တော့ဖို့ တင်ပြလာတဲ့ ကိုယ်စားလှယ်တွေလည်းရှိ တယ်လို့ ပူးပေါင်း ကော်မတီမှာပါဝင်တဲ့ ကိုယ်စားလှယ်အချို့က ဘီဘီစီကိုပြောပါတယ်။

မတ် ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှာတင်ပြခဲ့တာဖြစ်တယ် လို့သိရပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေမထားဖို့ နဲ့လျှော့ချဖို့ပြင်ဆင်ချက်ထည့်သွင်းဖို့ဆွေးနွေးခဲ့တာက တော့ ရခိုင်အမျိုးသားပါတီ ANP နဲ့NLD ပါတီကိုယ်စားလှယ်တွေဖြစ်တယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကပြောပါတယ်။

ဒါ့အပြင် NLD ပါတီကိုယ်စားလှယ်တွေဘက်ကလည်း တပ်မတတော်သားကိုယ်စားလှယ် တဖြည်းဖြည်း ချင်း လျှော့ချသွားဖို့ဆိုတဲ့ပြင်ဆင်ချက်ကို တင်ပြခဲ့တယ်လို့လည်း ကော်မတီဝင်အချို့ကပြောပါတယ်။

လက်ရှိလွှတ်တော်ထဲမှာပါဝင်တဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေတာကို လာမယ့်၂၀၂၀ ရွေးကောက်ပွဲ အပြီး ပြန်လည်ကျင်းပမယ့်လွှတ်တော်မှာ ၁၅ ရာခိုင်နှုန်းသာထားရှိဖို့နဲ့၂၀၂၅ ရွေးကောက်ပွဲ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ မှာ ၅ ရာခိုင်နှုန်းစသဖြင့် တစ်ဆင့်ချင်း လျှော့ချဖို့NLD ပါတီကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့တာဖြစ် ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်မှာတပ်မတော်သား ၂၅ ရာခိုင်နှုန်း နဲ့ အမျိုးသား လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းစီရှိပါတယ် ။

ဒီလွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သား အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကိုတင်မြှောက်ခွင့်လည်း ရရှိထားသလို သမ္မတကို ရွေးချယ်တဲ့အခါမှာလည်း မဲပေးခွင့် ရထားပါတယ်။

ဒီဆွေးနွေးခဲ့တဲ့တင်ပြချက်တွေကို ၄၅ ဦးကော်မတီက ရေးဆွဲမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းမှာ ထည့်သွင်းဖို့သာဖြစ်ပြီး ဒီပုဒ်မတွေကို အတည်ပြုနိုင်ဖို့တော့ လွှတ်တော်ထဲမှာဆွေးနွေးဆုံး ဖြတ်ရဦးမှာဖြစ်ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လုံးပ မထား ဖိုဆိုတာဖြစ်နိုင်ဖို့ခက်ခဲသလို့ ရာခိုင်နှုန်း တဖြည်းဖြည်း လျော့ချဖို့ကိစ္စကိုတောင် အတော်လေးညှိ ယူရမယ့် သဘောရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။