မဟာသီယာ မိုဟာမက်ကို စုံစမ်းဖို့ ရဲကစတင်

malay

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်

မလေးရှားမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ တပတ်အလိုမှာ သတင်းမှားဖြန့်မှုနဲ့ သံသယရှိတယ်ဆိုပြီး အတိုက်အခံခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို စုံစမ်းစစ်ဆေးဖို့ ရဲက စတင်လုပ်ဆောင်နေပါတယ်။

သူစီးဖို့ စီစဉ်ထားခဲ့တဲ့ လေယာဉ်ကို အဖျက်အမှောင့် တခုခု လုပ်ထားခံရတယ်လို့ မစ္စတာ မဟာသီယာ က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြောခဲ့တာ ဖြစ်ပါတယ်။

malay

ဓာတ်ပုံ ရင်းမြစ်, FAZRY ISMAIL

ဓာတ်ပုံ ပုံစာ, မဟာသီယာနဲ့ ထောက်ခံသူတွေ

မလေးရှား အစိုးရဟာ ဥပဒေသစ် ပြဋ္ဌာန်းပြီး သတင်းမှားတွေ အရေးယူဖို့ လုပ်နေပေမယ့် ဒါဟာ အတိုက်အခံတွေ ပြောဆိုခွင့် မရှိအောင် နှုတ်ပိတ်ထားတာသာ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောနေပါတယ်။

အာဏာပိုင်တွေက သူ့အပေါ် တရားစွဲ အရေးယူဖို့ ကြိုးပမ်းမှုတွေကိုလည်း မစ္စတာ မဟာသီယာက စိန်ခေါ်လိုက်ပါတယ်။