ရိုဟင်ဂျာ တိုင်းရင်းသား မဟုတ်

ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ဆိုတဲ့ သမိုင်းစာအုပ်ကို ရေးသားပြုစုနေတာ ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ပါတယ်။

မြန်မာ ဘာသာနဲ့ သာမက အင်္ဂလိပ် ဘာသာနဲ့ပါ ထုတ်ဝေ သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနက ဝန်ကြီး သူရဦးအောင်ကိုက ပြည်တွင်း မီဒီယာတခု နဲ့ မေးမြန်းမှုမှာ ပြောဆိုထား ပါတယ်။

၂၀၂၀ ခုနစ်မှာ ထုတ်ဝေဖို့ ရည်မှန်းထားတဲ့ အဲဒီစာအုပ်ကို နိုင်ငံသမိုင်း သုတေသနဌာနက ပြုစုနေတာဖြစ်ပြီး ပညာရှင် ၅ ဦးက ကဏ္ဍ အလိုက် ကျမ်းကိုး ကျမ်းကားတွေနဲ့ ပြုစုဖို့ သီးခြား တာဝန် ပေးထားတယ်လို့ သူက ဆိုပါတယ်။

ပြည်တွင်းမှာ အခြေစိုက်ပြီး မြန်မာ သမိုင်း အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာ မြင့်သိန်းကို ခေတ်အလိုက် သမိုင်းနဲ့ ရိုဟင်ဂျာ အဆက် အစပ် အပေါ် ဘီဘီစီ သတင်းထောက် စိုင်းထွန်းအောင်လွင်က ဆက်သွယ် မေးမြန်းထား ပါတယ်။