ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငွေဆောင် မြေသိမ်းထားမှု ဒေသခံတွေ ဆန္ဒပြ
ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေမှာ တောင်သူ လယ်သမား တွေ ရဲ့ မြေ တွေကို သိမ်းယူပြီး ဟိုတယ် တွေ ဆောက်လုပ် ထားမှု ကိစ္စ အတွက် လယ်ယာ မြေလျော်ကြေး ရလိုမှု နဲ့ ဒေသခံ တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော် ခဲ့ပါတယ်။
သိမ်းဆည်း လယ်မြေ ဧက ၃၀၀ ကျော် ရှိပြီး လယ်သမား ၂၄၈ ယောက် ပိုင်ဆိုင် တဲ့ ဓါးမ ဦးချ လုပ်ကိုင် စားသောက် လာတဲ့ လယ်မြေ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ လကတည်းက သိမ်းဆည်း ခံခဲ့ရတာ ဖြစ်ပြီး၊ ငွေဆောင်ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နဲ့ မြို့နယ်၊ ခရိုင်က တာ၀န်ရှိ သူတွေက နေ သိမ်းယူခဲ့တာ လို့ ဆန္ဒပြ တောင်သူ တစ်ဦး ဖြစ်တဲ့ ဦးလှမြင့် က ဘီဘီစီ ကို ပြောပါတယ်။
နောက်ပိုင်းမှ သိရတာက အနောက်တောင်တိုင်း စစ်ဌာနချုပ်က သိမ်းတာလို့ ဆိုပါတယ်။
သိမ်းယူတုန်းက လယ်မြေမှာပါတဲ့ အုန်းပင်တွေ အတွက်ပဲ တပင်ကို ကျပ် ၄၅၀၀ နှုန်းနဲ့ လျော်ကြေး ပေးခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါ တယ်။
ဒါကြောင့် မြေယာလျော်ကြေးနဲ့ တခြား သီးပင် စားပင် တွေ အတွက် ၂၀၁၁ ခုနှစ် ကတည်းက တောင်းဆို ခဲ့တာလို့ ဆိုပါတယ်။
မြေယာ သိမ်းဆည်းမှု နဲ့ ပတ်သက်လို့ အစိုးရ အဆက်ဆက် ကိုတောင်း ဆို ခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူး လို့လည်း သိရ ပါတယ်။