ကင်ဂျုံနမ်း အသတ်ခံရမှု ပြုံယမ်း သံတမန်ကို အလိုရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
မလေးရှား နိုင်ငံ ကွာလမ်လာပူ လေဆိပ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကို ကို သတ်ဖြတ် ခဲ့မှု အတွက် မသင်္ကာသူ မြောက်ကိုရီးယား သံတမန် တစ်ယောက်ရဲ့ နာမည်ကို မလေးရှား ရဲတွေ ထုတ်ပြန်လိုက် ပါတယ်။
Hyon Kwang Song ဆိုတဲ့ သူတို့ မသင်္ကာသူ သံတမန်ကို သူတို့ စစ်မေးခွင့် ပေးဖို့ မြောက်ကိုရီးယား သံရုံးကို ပြောထား တယ်လို့ မလေးရှား ရဲချုပ်က ပြောပါတယ်။
မြောက်ကိုရီးယား လေကြောင်းလိုင်းက ဝန်ထမ်း တစ်ယောက်အပါအဝင် နောက်ထပ် အမျိုးသား နှစ်ယောက်ကို ရှာဖွေ နေကြောင်း လည်း မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။
မလေးရှား စုံစမ်းရေးမှူးချုပ် Khalid Abu Bakar ကတော့ လူ ၄ ယောက်ကို ဖမ်းထား တယ်လို့ ပြောပါတယ်။
အဲဒီထဲက အမျိုးသမီး နှစ်ယောက်နဲ့ ကိုရီးယား အမျိုးသားကို ဒီနေ့ ရမန် ဆက်ယူမှာ ဖြစ်ပြီး၊ အာရှသူ မဟုတ်တဲ့ အမျိုးသမီးရဲ့ ရည်းစား ကိုတော့ ရဲ ကတိ ခံဝန်ချက်နဲ့ လွှတ်ပေးမယ်လို့ ပြောကြားသွားပါတယ်။





