ဆန်စျေး ဘာကြောင့် ရုတ်တရက် မြင့်တက်လာပြန်သလဲ

ဆန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆန်တအိတ်ကို ပုံမှန်ထက် ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ တက်နေတာကြောင့် အခြေခံလူတန်း စားတွေ အတွက် ဆန်တပြည်ကို ၅၀၀ ကနေ ၁၀၀၀ နားအထိ စျေးတက်လာပါတယ်။

ဒီလို ဆန်စျေးတွေ မြင့်တက်လာတာဟာ နယ်မြေမတည်ငြိမ်မှု၊ လျှပ်စစ်မီးပြသနာအပါအဝင် ဆန်သိုလှောင်မှုနဲ့ စျေးတင်ရောင်းချမှုတွေကြောင့် ဆန်စျေးရုတ်တရက်မြင့်တက်လာတယ်လို့ ဆန်လုပ်ငန်းရှင်တွေဘက်က ယူဆပြောဆိုတာတွေ ရှိနေပါတယ်။

လက်ကြီးကုန်သည်ကြီးတွေရဲ့ ဆန်ရောင်းတဲ့စျေးက ဧပြီလ ၂၆ ရက် စျေးအရဆိုရင် ရန်ကုန်မှာ အစား များတဲ့ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်ကို ကျပ် တစ်သိန်းတစ်သောင်းခွဲကနေ တစ်သိန်းသုံးသောင်းအထိ စျေးသတ်မှတ် ရောင်းချနေတယ်လို့လည်းသိရပါတယ်။ ဆန်ကြမ်းကတော့ တစ်အိတ်ကို ကျပ် ၆၅၀၀၀ အထိကို စျေးခေါ်ရောင်းချနေ တယ်လို့ သိရပါတယ်။

အဲဒီနှုန်းဟာ အိတ်ပေါင်းရာချီယူရပြီး သယ်ယူပို့ဆောင်စရိတ်၊ အလုပ်သမားစရိတ်တွေမပါသေးတဲ့ နှုန်းလို့ ဆန်ဆိုင်တွေထံကသိရပါတယ်။

ဒါကြောင့် လက်လီပြန်ရောင်းသူတွေအတွက်လည်းအခက်အခဲဖြစ်လာ နေတာပါ။

ဆန်စျေးကွက်ကိုနားလည်သူတွေရဲ့ ပြောပြချက်အရ သင်္ကြန်မတိုင်ခင်ကတည်း ဆန်ချော ၂၄ ပြည်တစ်အိတ် ကို အမြတ်ပါပြီး ကျပ် ၈၅၀၀၀နဲ့ ဝယ်ယူရရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။

လက်ရှိထုတ်ရောင်းတဲ့ဆန်တွေဟာ အဲဒီအချိန်က ဝယ်ယူခဲ့တဲ့ဆန်တွေဖြစ်ပြီး ကုန်စည်မရရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စျေးတင်ရောင်းချတာမျိုးဖြစ်တယ်လို့ လက်လီရောင်းကြတဲ့ဆန်ရောင်းချသူတွေက ပြောကြပါတယ်။

လက်ကျန်ဆန်ကိုသာ ရောင်းချနေပြီး ရုတ်တရက်တက်လာတဲ့ ဆန်စျေးကြောင့် အခက်အခဲဖြစ်နေတဲ့အကြောင်း လက်လီ‌ရောင်းချသူတစ်ဦး ဘီဘီစီကို ပြောပြပါတယ်။

အလုပ်သမားတွေ အဝယ်များတဲ့နေရာက ဆိုင်ဖြစ်တာကြောင့် စျေးနှုန်းကို ထိန်းပြီး ရောင်းချနေတယ်လို့လည်း သူက ပြောပါတယ်။

ဆန်စပါး စိုက်ပျိုးရာနေရာတွေမှာ ပဋိပက္ခတွေဖြစ်နေတာက စျေးနှုန်းမြင့်စေတဲ့ အချက်တစ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်စပါး စိုက်ပျိုးရာနေရာတွေမှာ ပဋိပက္ခတွေဖြစ်နေတာက စျေးနှုန်းမြင့်စေတဲ့ အချက်တစ်ချက်လို့ ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇွန်လ နဲ့ နိုဝင်ဘာလတွေဟာ ပုံမှန်အားဖြင့် ဆန်စျေးတွေကို ကုန်သည်တွေဘက်က စျေးကစားပြီး ဆွဲတင် လေ့ရှိတဲ့ ကာလတွေဖြစ်တယ်လို့ လက်လီလက်ကား ပြန်ရောင်းချသူတွေက ပြောပြကြပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီထက်မကတော့ဘဲ ၂၀၂၃ ခုနှစ် ၁ လပိုင်းနဲ့ ၃ လပိုင်းတို့မှာ တစ်ခါ ဆန်စျေးကစားပြီး စျေးမြှင့်ခဲ့သလို၊ အခု ၄ လပိုင်းမှာလည်း တစ်ခါအလားတူလုပ်ဆောင်လာတယ်လို့ အသေးစားလက်လီလက် ကားရောင်းချသူတွေထံက သိရပါတယ်။

ဆန်တွေကို ဆန်ကုန်သည်တွေသာမက ငွေကြေးရင်းနှီးမြှုပ်နှံမှုအဖြစ် လိုက်လံဝယ်ယူတာမျိုးတွေရှိနေတယ် လို့ ဆန်စပါးလုပ်ငန်းရှင်တွေဘက်က ပြောပြလာတာလည်း ရှိပါတယ်။

ဝယ်ယူပြီးသိုလှောင်ထားတဲ့အတွက် စျေးကွက်အတွင်း ဆန်လည်ပတ်နှုန်းကျသွားတာအပြင် သိုလှောင်ထား ကြောင့်လည်း အခုလိုဆန်စျေးရုတ်တရက်တက်လာတာလို့ ဆန်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါကြောင့် ဆန်သိုလှောင်နိုင်တဲ့ပမာဏကို သတ်မှတ်နိုင်ဖို့ ဆန်စပါးဥပဒေ၊ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ဝင်တစ်ဦးကဘီဘီစီကို ပြောပြပါ တယ်။

နိုင်ငံအတွင်းမှာ ဆန်ပြတ်လပ်မှုရှိတာမျိုးကြောင့်မဟုတ်သလို၊ ပြည်ပကိုတင်ပို့မှုကလည်း ကျဆင်းနေချိန် မှာ အခုလိုဆန်စျေးတက်တာဟာ ပုံမှန်ဖြစ်သင့်တဲ့ စျေးနှုန်းမျိုးနဲ့ စျေးမြင့်လာတာမျိုးမဟုတ်ဘူးလို့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။