ရှောင်တာနယ်က သူ့ကို စစ်ကောင်စီက ဗြိတိန်ထောက်လှမ်းရေးအတွက် အလုပ်လုပ်သူအဖြစ် စွပ်စွဲခဲ့တယ်လို့ ထုတ်ပြော

Aung San Suu Kyi and Sean Turnell

ဓာတ်ပုံ ရင်းမြစ်, Sean Turmell

မြန်မာပြည်စစ်ကြောရေးနဲ့ အကျဥ်းထောင်တွင်း ရက်ပေါင်း ၆၅၀ အတွေ့အကြုံ ရှောင်တာနယ်ထုတ်ပြော

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ဟာနှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာတဲ့သူ့ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးခဲ့ပြီး သြစတြေးလျကို ချက်ချင်းပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

သြစတြေးလျကိုပြန်လည်ရောက်ရှိလာတဲ့မစ္စတာရှောင်တာနယ်ဟာ သြစတြေးလျသတင်းစာကို တနင်္လာနေ့မှာ သူ့ရဲ့ မြန်မာပြည်ကစစ်ကြောရေးအတွေ့အကြုံနဲ့ အကျဥ်းထောင်တွင်းဖြတ်သန်းမှု အခြေအနေတွေကို ပြောပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရှောင်တာနယ်ဟာ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့တည်းက ဖမ်းဆီးခံခဲ့ရပြီး ကိုလိုနီခေတ်ဥပဒေဖြစ်တဲ့ အစိုးရလျှို့ဝှက်ချက်အက်နဲ့ တရားစွဲဆိုထောင်ဒဏ်ချမှတ်ခဲ့ရတဲ့နောက် အကျဥ်းထောင်တွင်း ရက်ပေါင်း ၆၅၀ နေထိုင်ခဲ့ရတဲ့အခြေအနေကိုလည်း အဲဒီအင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Sean Turnell and Aung San Suu Kyi

ဓာတ်ပုံ ရင်းမြစ်, Sean Turnell

ဓာတ်ပုံ ပုံစာ, မြန်မာပြည်စစ်ကြောရေးနဲ့ အကျဥ်းထောင်တွင်းရက်ပေါင်း ၆၅၀ အတွေ့အကြုံကို ရှောင်တာနယ် ရေးသားထား

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ညပိုင်းမှာ ရန်ကုန်က ဟိုတယ်တစ်ခုမှာရှိနေတဲ့သူ့ဆီကို စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားနဲ့ ရဲ အယောက် ၅၀ လောက်ရောက်ရှိလာခဲ့ပြီး သူဖမ်းဆီးခံခဲ့ရတဲ့နောက် စစ်ကောင်စီလက်တွင်းမှာ အိပ်မက်ဆိုးတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ရဲအရာရှိတွေဟာ သူ့ကို အစပိုင်းမှာ ဗြိတိန် ထောက်လှမ်းရေး MI6 အတွက် အလုပ်လုပ်ပေးသူ၊ လက်နက်မှောင်ခိုတွေပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကြောရေးမှာ နှစ်လကြာခဲ့ပြီး သူဟာ တွန်းထိုးခံရတာတွေရှိပေမဲ့ အရိုက်ခံရတာတော့မရှိဘူးလို့ ပြောပါတယ်။

“သူတို့ ကျွန်တော့်ကို လျှပ်စစ်ရှော့တိုက်တာတော့မရှိပါဘူး။ ဒါပေမဲ့ ညစ်ပတ်ပေရေနေတဲ့အခန်းတွေထဲ ပစ်ထည့်ခံရတယ်”လို့ရှောင်တာနယ်က ပြောပါတယ်။

အစားအသောက်တွေကို သူ့ထံ ပုံးတစ်ပုံးနဲ့ ပို့ဆောင်ပေးကြောင်း၊ ရက်ပေါင်း ၆၅၀ မှာ နေပြည်တော်မှာ သူချုပ်နှောင်ခံထားရစဥ် ဒီပုံးထဲကနေ အစားအသောက်တွေကိုသာ သူစားခဲ့ရကြောင်း၊ အဲဒီပုံးဟာလည်း အသစ်တောင်မဟုတ်ကြောင်းနဲ့ ဆေးသုတ်ထားတဲ့ပုံးတွေဖြစ်တယ်လို့ ရှောင်တာနယ်က ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာအဆိုးရွားဆုံးပြုမူခံရတာကတော့ အင်းစိန်ထောင်ကနေ အနီးနားက တရားရုံးတစ်ခုမှာ ရမန်ယူဖို့ အပတ်စဥ် ရုံးထုတ်သွားရတဲ့အခါမှာ တခြားနိုင်ငံရေးအကျဥ်းသား ၅၀ လောက်နဲ့အတူ သံကြိုးတွေ ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“လူအယောက် ၂၀ လောက်ပဲ ဆံ့တဲ့ ဗင်ကားနောက်ခန်းထဲကို သူတို့က ကျွန်တော်တို့ကို ပြွတ်သိပ်ပြီး ထိုးထည့်တယ်။ ကျွန်တော်တို့တစ်ယ်ောက်နဲ့တစ်ယောက် တွန်းထိုးမိတယ်။ အရမ်းလည်းပူတယ်။ မျက်နှာပေါ်ကိုချွေးဒီးဒီးကျတယ်။ တချို့ လူတွေဆို အန်တယ်။ ချွေးတွေထွက်တယ်။ မူးလဲကုန်တယ်” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

Sean Turnell and Head of Embassy of the Austrilia in Yangon

ဓာတ်ပုံ ရင်းမြစ်, Twitter

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှောင်တာနယ်ဟာ အစိုးရလျှို့ဝှက်ချက်အက်၊ လူဝင်မှုကြီးကြပ်ရေးအက်တို့နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ထောင် သုံးနှစ်ချမှတ်ခံခဲ့ရပြီး သူကတော့ ဒီစွဲဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ရှောင်တာနယ်ဟာ မြန်မာမှာ သူအကျဥ်းချခံထားရတဲ့ကာလအတွင်း ကိုဗစ် ငါးကြိမ် ကူးစက်ခံခဲ့ရကြောင်း၊ စာအုပ်လည်း ဖတ်ခွင့်မရှိ၊ ပြင်ပကမ္ဘာနဲ့လည်းအဆက်အသွယ်မရ၊ အိပ်စက်ဖို့ ​ အိပ်ရာလည်းမရှိတဲ့ သီးသန့်အခန်းတစ်ခုအတွင်း လပေါင်းများစွာကြံ့ကြံ့ခံနေထိုင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သူဟာ အင်းစိန်အကျဥ်းထောင်တွင်းမှာ ၆ မီတာနဲ့ ၂ မီတာခွဲပတ်လည်သာရှိတဲ့ အိမ်သာမရှိတဲ့အခန်းတစ်ခုအတွင်းမှာ နေထိုင်ခဲ့ရပြီး အခန်းရဲ့အလယ်မှာ အသေတပ်ဆင်ထားတဲ့ သံကုလားထိုင်တစ်လုံးသာ ရှိတယ်လို့ သူကဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့အိပ်မက်တွေ အလုံးစုံ ခြေမွဖျက်ဆီးခံလိုက်ရတယ်လို့ ရှောင်တာနယ်ကပြောပြီး မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ မြန်မာဘဏ်လုပ်ငန်းရှင်တွေကို ပိတ်ဆို့အရေးယူမှု တွေပြုလုပ်မှာကို ထောက်ခံတယ်လို့ သူက ပြောပါတယ်။

ရှောင်တာနယ်ကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ နေပြည်တော်အထူးတရားရုံးမှာ ရုံးထုတ်တဲ့အခါ ပူးတွဲစွဲဆိုခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖြစ်ပြီး ရုံးချိန်းမတိုင်ခင်မှာ သူတို့ တွေ့ဆုံခွင့်ရတယ်လို့ ပြောပါတယ်။

Sean Turnell and Aung San Suu Kyi

ဓာတ်ပုံ ရင်းမြစ်, Sean Turnell

ဒေါ်အောင်ဆန်းစုကြည်ကိုကျန်းမာရွှင်လန်းစွာတွေ့ရပြီး လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်အပေါ် အကြမ်းဖက်မှုတွေရပ်တန့်ရေး တရားစွဲဆိုထားမှုကို အဆုံးသတ်ဖို့အစီအစဥ်လည်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သူက ပြန်ပြောပြပါတယ်။