သီရိလင်္ကာကျားသစ်တို့ နားခိုရာ ဘေးမဲ့တော

သီရိလင်္ကာက ဝေလ်ပါတူ အမျိုးသား ဥယျာဉ်ဟာ သဘာဝတောရိုင်း တိရစ္ဆာန်တွေ မှီတင်းနေထိုင်ကြရာ နေရာ တခုဆိုတာထက် အဲဒီထဲမှာ ရှိနေကြတဲ့ သီရိလင်္ကာ ကျားသစ်တွေကြောင့် ကမ္ဘာတဝန်းမှာ ထင်ရှားပါတယ်။ ပြီးတော့ အဲဒီ ဒေသက တောတောင်တွေဟာ သမိုင်းမှာလည်း အရေးပါလှပါတယ်။ အကြောင်းက ဆင်ဟာလာ ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသဖြစ်တယ်လို့ ယုံကြည် ယူဆထားကြတဲ့ အတွက် ဖြစ်ပါတယ်။ ဘီဘီစီက အဲဒီ အမျိုးသား ဥယျာဉ်ထဲမှာ သွားရောက် သတင်းယူနိုင်ခဲ့ပါတယ်။ ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။