အစ္စရေး က အီရန် ကို လက်တုံ့ပြန် တိုက်ခိုက်

အစ္စရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

ဓာတ်ပုံ ရင်းမြစ်, IDF

ဓာတ်ပုံ ပုံစာ, အစ္စရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ

အီရန် က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂရီ က ထွက်ပြောပါတယ်။

အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ရဲ့ လူမှုကွန်ရက် X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ တိတိကျကျပြောတာမရှိပါဘူး။

“ကမ္ဘာပေါ်ရှိ အခြားသော အချုပ်အခြာအာဏာပိုင် နိုင်ငံလိုပဲ အစ္စရေးနိုင်ငံကလည်း တုံ့ပြန်ဖို့ အခွင့်အရေးနဲ့ တာဝန် ရှိတယ်” လို့ အစ္စရေးစစ်တပ် IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်ကတည်းက အီရန်နဲ့ သူ့ရဲ့ ဒေသတွင်းမဟာမိတ်တွေက အစ္စရေးကို ဆက်တိုက်တိုက်ခိုက်နေတာကြောင့် ဒီလိုလက်တုံ့ပြန်တာလို့ အစ္စရေးဘက်က အကြောင်းပြပါတယ်။

“ကျွန်တော်တို့ရဲ့ ခံစစ်နဲ့ ထိုးစစ် စွမ်းရည်တွေကို အပြည့်အဝ စုစည်းထားပါတယ်” လို့ အစ္စရေးစစ်တပ်က ကြွေးကြော်ပါတယ်။

“အစ္စရေးနိုင်ငံနဲ့ အစ္စရေးပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” စစ်တပ်အကြီးအကဲက သူ့ရဲ့ လက်တုံ့ပြန်မှုနဲ့ပတ်သက်တဲ့ မိန့်ခွန်းမှာထည့်ပြောပါတယ်။

အီရန်သတင်း တွေမှာလည်း အီရန်မြို့တော် တီဟီရန်နဲ့ ကာရက်ဂျ် မြို့တွေမှာဒီကနေ့ မနက် အစောပိုင်းက ပေါက်ကွဲသံတွေကြားရတယ်လို့ ဖော်ပြနေပါတယ်။

အီရန် ထောက်လှမ်းရေး ဘက်ကတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေက "အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က တုံ့ပြန်သံ ဖြစ်နိုင်တယ် " လို့ နိုင်ငံပိုင်ရုပ်သံမှာ တုံ့ပြန်ထားပါတယ်။

အိမ်ဖြူတော်ကတော့ အစ္စရေးရဲ့ အီရန်ကို တိုက်ခိုက်မှုကို "မိမိကိုယ်ကို ခုခံကာကွယ်ခြင်း" အဖြစ် နားလည်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ သမ္မတဘိုင်ဒန်ကတော့ အီရန်ရဲ့ နျူကလီးယား သုတေသန အဆောက်အအုံများတွေနဲ့ ရေနံ လုပ်ငန်းတွေပစ်မှတ်ထားတာကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

စနေနေ့အစောပိုင်းကတော့ အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ အမေရိကန်က ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အီရန်တိုက်ခိုက်ခံရမှုမှာ အနီးရှိ ဘေရွတ်တောင်ပိုင်းကနေ မီးခိုးတွေမြင်ရတာပါ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အီရန်တိုက်ခိုက်ခံရမှုမှာ အနီးရှိ ဘေရွတ်တောင်ပိုင်းကနေ မီးခိုးတွေမြင်ရပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆီးရီးယားကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆီးရီးယားအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသက စစ်ဘက်ဆိုင်ရာနေရာအချို့ကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒီဒေသမှာ အပစ်ရပ်ဖို့ ကြိမ်ဖန်များစွာပြောနေချိန်မှာပဲ အခုလက်တုံ့ပြန်မှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က နိုင်ငံတကာအသိုင်းအဝိုင်းကိုဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ စောင့်ကြည့်နေကြတုန်းပါ။

ပြီးခဲ့တဲ့ရက်ကပဲ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်ကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ရဲ့ ခရီးစဥ် အပြီး အစ္စရေးက အီရန်ကို တိုက်ခိုက်မှုထွက်ပေါ်လာတာပါ။

ဒီ့မတိုင်ခင်ကတော့ အီရန်အပေါ် တုံ့ပြန် တိုက်ခိုက်ဖို့ အစ္စရေးဘက်က ပြင်ဆင်နေတာကို ဖော်ပြထားတဲ့ အဆင့်မြင့်လျှို့ဝှက် ထောက်လှမ်းရေးစာရွက်စာတမ်းတွေ ပေါက်ကြားခဲ့ပါသေးတယ်။

အဲဒီအချိန်ကတော့ ဒီပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ပြောခဲ့ပါတယ်။

အီရန် ကို အစ္စရေးရဲ့ လက်တုံ့ပြန်မှုဟာ တန်ရာတန်ကြေးပြန်ပေးဆပ်ရတာလို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီ က ထုတ်ပြန်ချက်အသစ်မှာထပ်ပြောပါတယ်။

မကြာသေးခင်က အီရန်ရဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့မှုအတွက် “ပြန်ပေးဆပ်ရတာ” လို့ သူကပြောပါတယ်။

အစ္စရေး အပြောအရ အီရန်က မတူညီတဲ့နေရာအများစုကို တိုက်ခိုက်နိုင်ခဲ့ပြီး ပစ်မှတ်တွေလည်းတိကျခဲ့တယ်လို့ ကြုံးဝါးထားပါတယ်။

အီရန်က ပစ်မှတ်တွေထဲမှာ ဒုံးကျည်ထုတ်လုပ်တဲ့ စက်ရုံ၊ မြေပြင် ကနေ ဝေဟင်ပစ် ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေလည်းပါတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

“ ရှင်းရှင်းလင်းလင်း သတင်းစကားပါးချင်တာကတော့ အစ္စရေးနိုင်ငံကို ခြိမ်းခြောက်သူတွေဟာ ကြီးကြီးမားမား ပြန်ပေးဆပ်ရပါလိမ့်မယ် ” လို့ ဒန်နီရယ်ဟာဂရီ က ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာကတာ့ အစ္စရေးရဲ့ လက်တုံ့ပြန်မှုကို "အီရန်ဘက်ကလည်း ပြန်ပြီး မတုံ့ပြန်သင့်ဘူးလို့ ပြောလိုက်ပါတယ်။

'' ဗြိတိန်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ပဋိပက္ခအ အရှိန်လျော့သွားစေဖို့အတွက် မဟာမိတ်တွေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။" လို့ ဝန်ကြီးချုပ်ကီရာစတာမာ ကပြောပါတယ်။

အမေရိကန်ကလည်း “တကယ်လို့ အီရန်က နောက်တစ်ကြိမ် တုံ့ပြန်ဖို့ လုပ်မယ်ဆိုရင်၊ အီရန်အတွက် နောက်တစ်ကြိမ် အကျိုးဆက်တွေ ရှိလာမှာပါ” လို့ အမေရိကန်စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိက အမေရိကန်သဘောထားထုတ်ပြန်ချက်မှာပြောထားပါတယ်။

အီရန်ဘက်ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်ပျက်စီးထိခိုက်မှုတွေကို အတိအကျထုတ်ပြောတာမရှိပါဘူး။ ဒါပေမဲ့ တီဟီရန်၊ Khuzestan နဲ့ Ilam ပြည်နယ်တွေက စစ် အခြေစိုက်စခန်းတွေတိုက်ခိုက်ခံရကြောင်း အီရန်နိုင်ငံပိုင်သတင်းကဖော်ပြပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု အများစုကို အီရန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က တန်ပြန်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်တုံ့ပြန်မှုစစ်ဆင်ရေးအတွက် အစည်းအဝေး မှာတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုနဲ့ အစ္စရေးတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, IDF

ဓာတ်ပုံ ပုံစာ, လက်တုံ့ပြန်မှုစစ်ဆင်ရေးအတွက် အစည်းအဝေး မှာတွေ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုနဲ့ အစ္စရေးတပ်ဖွဲ့

အခုလအစောပိုင်းကတော့ ‘အရှေ့အလယ်ပိုင်းပုံစံသစ်‘ ဆိုတဲ့ စကားစုကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက သုံးစွဲပြီး မြေပုံတွေပါ ထုတ်ပြခဲ့ပါတယ်။

အင်အားချိန်ခွင်လျှာပြောင်းလဲတာနဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ ကွဲပြားတဲ့ နိုင်ငံရေးမြေပုံကိုရေးဆွဲတာဟာ အစ္စရေးရဲ့ ရည်မှန်းချက်သစ်တစ်ခုတော့ မဟုတ်ပါဘူး။

ဟားမတ်စ် က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်ခဲ့ချိန်ကလည်းက ဆက်လက်ဖြစ်ပေါ်နေတဲ့ ထိပ်တိုက်ဆုံမှုတွေကိုကြည့်ပြီး ဒီရည်မှန်းချက်ပြည့်မြောက်ဖို့ ''အရင်ကထက်ပိုမိုနီးစပ်လာပြီ'' လို့ ယူဆနေသူတွေ အစ္စရေးမှာ ရှိနေပါတယ်။

ဒါပေမဲ့ အစ္စရေးမှာ မြေပုံ ၂ ခုရှိနေပါတယ်။ တစ်ခုကတော့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိထားတဲ့ နိုင်ငံတွေဖြစ်ပြီး အစိမ်းရောင်နဲ့ပြထားပါတယ်။

အီဂျစ်၊ ဆူဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ဘာရိန်းနဲ့ ဂျော်ဒန်တို့အပါအဝင် အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးထားရှိဖို့ စေ့စပ်ဆွေးနွေးနေတဲ့ နိုင်ငံတွေကို အစိမ်းရောင်နဲ့ပြထားတာပါ။

ဒုတိယမြေပုံမှာတော့ အနက်ရောင်ပြထားတဲ့ နယ်မြေတွေပါဝင်ပြီး အဲ့ဒီနေရာတွေကို နေတန်ညာဟုက 'ကျိန်စာသင့်' ခံထားရသောနယ်မြေတွေလို့ ခေါ်ပါတယ်။

အီရန်နဲ့ ဒေသတွင်း အီရန်မဟာမိတ်တွေဖြစ်တဲ့ ဆီးရီးယား၊ အီရတ်၊ ယီမင်တို့သာမက လက်ဘနွန်ပါပါဝင်ပါတယ်။