ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံဟန်း စျာပန ပရိသတ် ထောင်ချီတက်
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အကျော်ကြားဆုံး အနုပညာရှင်တယောက် ဖြစ်တဲ့ ရှိုင်းနီ အဖွဲ့က ကင်ဂျုံဟန်း ( Kim Jong-hyun)စျာပနကို သူ့ကိုချစ်တဲ့ ပရိသတ် ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
အသက်၂၇ နှစ်သာ ရှိသေးတဲ့ ကင်ဂျုံဟန်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့တာ ဖြစ်ပါတယ်။
ကေပေါ့ပ် ဂီတတွေက အာရှမှာသာမက ကမ္ဘာမှာ ကျော်ကြား လာတာနဲ့ အမျှ တောင်ကိုရီးယားမှာ ဖျော်ဖြေရေး ကဏ္ဍက လူငယ်တွေဟာ စိတ်ဖိစီးမှု ဘယ်လောက် ကြုံနေရသလဲ ဆိုတာကို သူ့ဖြစ်ရပ်က မီးမောင်းထိုးပြ နေပါတယ်။
သူမသေခင် ရေးခဲ့တဲ့ စာအရ သူကြေကွဲမှု ခံစားနေရကြောင်း ဖော်ပြထားပြီး အောင်မြင်ကျော်ကြားမှုကလည်း သူ့ဘ၀ အတွက် အဓိပ္ပါယ်မဲ့ ဖြစ်ခဲ့ပါတယ်။