ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူထု အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်ဖို့ စီစဉ်
လူထုအခြေပြု ခရီးသွားလုပ်ငန်းတိုးတက်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုး လာဖို့ ဥပဒေ ရေးဆွဲ ပြဌာန်းဖို့ ရှိပါတယ်။
လူထုအခြေပြု ခရီးသွားလုပ်ငန်းကနေ ဒေသခံတွေ ဝင်ငွေရလာအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
အရှေ့တောင် အာရှနိုင်ငံ တချို့ မှာတော့ ဒီလုပ်ငန်းကို လုပ်ဆောင်နေတာ ကြာပြီဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၂ လောက်ကမှ စပြီး ပုဂံ ၊ ရှမ်းပြည် တောင်ပိုင်းနဲ့ တနင်္သာရီ ဒေသကြီးတွေမှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။
အစိုးရပိုင်းက နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ ဒီလုပ်ငန်း အကြောင်း ကြော်ငြာပေးဖို့ လိုအပ်တယ်လို့ ဒီလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့ အတွက် အဓိက လုပ်ဆောင်ရမဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် အခြေစိုက် လူထု အခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုခွန်ထွန်းဦးက ပြောပါတယ်။
လက်ရှိမှာတော့ လူထုအခြေပြု ခရီးသွား လုပ်ငန်း တိုးတက်ရေးကို ဒေသန္တရ ဥပဒေအရ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေမရှိသေးပါဘဲ အစိုးရအနေနဲ့လည်း ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ ဥပဒေတွေရေးဆွဲဖို့ ဆောင်ရွက်နေပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ ခရီးသွားလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် လျော့ကြသွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။