
မူဆိုလီနီ ဟစ်တလာကို စိုးရိမ်လို့ ပူးပေါင်းခဲ့ဆို
နာဇီတွေရဲ့ လူမျိုးတုံး သတ်ဖြတ်မှု အောက်မေ့ဖွယ် အခမ်းအနား တခုမှာ အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီက စစ်အတွင်းက ဖက်ဆစ် ခေါင်းဆောင် ဘင်နီတို မူဆိုလီနီကို ကာကွယ်တဲ့စကား ပြောခဲ့တဲ့အတွက် အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။
မူဆိုလီနီဟာ ဟစ်တလာ့ရန်ကို စိုးရိမ်ရလို့ ပူးပေါင်း ခဲ့ရတာ ဖြစ်ပြီး သူ့မှာ တခြား ကောင်းတာတွေ အများကြီး လုပ်ခဲ့ပါတယ်လို့ မစ္စတာ ဘာလူစကိုနီ က ဆိုပါတယ်။
မူဆိုလီနီ ခေတ်မှာ ဂျူးလူမျိုး တွေ အလုပ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့တာပါ။
ဘာလူစကိုနီရဲ့ ပြောကြားချက်ဟာ ရှက်စရာ ကောင်းတယ်လို့ လက်ဝဲ နိုင်ငံရေး သမားတွေက ဝေဖန် ခဲ့ကြပြီး အီတလီမှာ အတိတ်က ကိစ္စတွေ တာဝန်ယူဖို့ ခုထိ ပြဿနာတက်နေတုန်း ဆိုတာ ဒီစကားက သက်သေပြနေတယ်လို့လဲ အီတလီ ဂျူးလူမျိုး အသိုင်းအဝိုင်းက ပြောကြား ပါတယ်။












