
မစ္စတာ ဘာလူစကိုနီ
အရင် အီတလီ ဝန်ကြီးချုပ်ဟောင်း စီလ်ဗီယို ဘာလူ စကိုနီက ဝန်ကြီးချုပ် မာရီယို မွန်တီ ခေါင်းဆောင်တဲ့ အစိုးရကို ဖြုတ်ချ ပစ်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။
ဒါကတော့ သူ့ကို အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ချမှတ်လိုက် အပြီး နောက်တရက်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။
သူက သူ့ပါတီရဲ့ အမှုဆောင် တွေက လာမယ့် ရက်ပိုင်း အတွင်းမှာ အခု အစိုးရကို ပါလီမန် ထဲမှာ ထောက်ခံ ထားမှုကို ရုတ်သိမ်းမလား ဒါမှမဟုတ် အစိုးရ သက်တမ်း ကုန်မယ့် ဧပြီလအထိ စောင့်မလား ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောပါတယ်။
ဆက်လက်ပြီး အခုအစိုးရဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပိုပြီး ဆိုးလာအောင် လုပ်ခဲ့တဲ့ ဘဏ္ဍာရေး ကစားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထား ပါတယ်။












