
ပန်ဂျပ်ပြည်နယ်က မုဒိမ်းမှု စွပ်စွဲခံရသူများ
အခုနောက်ဆုံး ဖြစ်ပွားတဲ့ အဓမ္ မပြုကျင့်မှုဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်မှာ ဖြစ်ပွား သွားတာပါ။ အခုအခါ ရဲက ပစ်မှု ကျူးလွန် တယ်လို့ မသင်္ကာသူ ၇ယောက် မြောက်ကို လိုက်ရှာ နေပါတယ်။
အဓမ္မပြုကျင့်ခံရသူဟာ အသက်၂၉နှစ်အရွယ်ရှိပြီလို့ ရဲအဖွဲ့ကပြောပါတယ်။ အခုပစ်မှုဖြစ်ပွားတာဟာ ညအချိန်မှာဖြစ်ပြီး သောကြာညက သူ့ရွာကို ဘတ်စ်ကားစီးပြန်လာတာဖြစ်ပါတယ်။
ရွာရောက်တဲ့အခါ ဘတ်စ်ကားမောင်းသူနဲ့ လက်မှတ်စစ်တို့က ရပ်မပေးဘဲ ပန်ဂျပ်ပြည်နယ် အမ်ရစ်တာမြို့တော်နဲ့ သိပ်မဝေးတဲ့ လူခြေပြတ်တဲ့ နေရာကို မောင်းသွားပါတယ်။
အဲဒီရောက်တဲ့အခါ ယဉ်မောင်းသူ လက်မှတ်စစ်အပြင် နောက်ထပ် လူ၅ယေက်တို့က အမျိုးသမီးကို တညလုံး မတရားပြုကျင့်ကြပါတယ်။ အဲဒီနောက် သူ့ရဲ့ရွာနားမှာ လာပစ်ထားတဲ့အတွက် အမျိုးသမီးက အခုလိုပြုကျင့် စော်ကားခံရတာကို ဆွေမျိုးတွေကို ပြောပြပါတယ်။
လောလောဆယ် ဒီအမျိုးသမီး ဘယ်လိုဒဏ်ရာ ဒဏ်ချက်တွေ ရတယ် ဆိုတာကိုတော့ ချက်ချင်း သတင်းမရသေးဘူးလို့ အိန္ဒိယရှိ ဘီဘီစီ သတင်းထောက် ဆန်ဂျိုင်း မာဂျွန်ဒါကပြောပါတယ်။
ပြီးခဲ့တဲ့လထဲကဘဲ အသက်၂၃နှစ်အရွယ် ဆေးကျောင်းသူ တယောက် အုပ်စုဖွဲ့ မတရား ပြုကျင့်မှုကြောင့် သေဆုံးပြီး တတိုင်းပြည်လုံး အုံ ကြွဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရက မုဒိမ်းမှုတွေအတွက် အလျင်အမြန် စစ်ဆေး အရေးယူပေးမယ့် သီးခြားအထူးခုံရုံးတွေ ထူထောင်ပေးရသလို လိင်ပိုင်းဆိုင်ရာ ကျူးကျော် စော်ကားမှုတွေ အတွက်လည်း ဥပဒေ ပိုပြင်းထန်အောင် တောင်းဆိုမှုတွေ အတွက် စဉ်းစားနေရပါတယ်။












