
ရဲတွေက လူထုဒေါသငြိမ်သွားအောင် သူ့အမှုသည်တွေကို ဖိအားပေးခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။
ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာ ဖြစ်ခဲ့တဲ့ ဆေးကျောင်းသူတဦးကို လူအုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ပြုကျင့်သူတွေကို ရဲကနေ တရားစွဲဆိုခဲ့ရာမှာ အခုတော့ စွပ်စွဲခံရသူတွေထဲက သုံးဦးရဲ့ ရှေ့နေက ဒီအမှုကြောင့် တနိုင်ငံလုံး အုံကြွ ဒေါထနေတာတွေကို ပြေငြိမ်းစေဖို့အတွက် သူ့အမှုသည်တွေဟာ ရဲစစ်ချက်မှာ ရိုက်နှက်၊ နှိပ်စက်ခံခဲ့ရသလို အတင်းအကျပ် ဖြောင့်ချက်ပေးခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူကို အဓမ္မပြုကျင့်ခဲ့မှုအတွက် လူငါးဦးကို တရားစွဲဆိုထားပြီး၊ ဒီကနေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပြန်ပါတယ်။
အမှုလိုက်ရှေ့နေတွေက ဒီအမှုကို အထူးအမှုအဖြစ်နဲ့ တံခါးပိတ် ခပ်သွက်သွက် စစ်ဆေးမယ်လို့ ပြောပါတယ်။
ခြောက်ဦးမြောက် အမှုတွဲ စွပ်စွဲခံရသူကိုတော့ အသက် ၁၇ နှစ်ပဲ ရှိသေးတာကြောင့် ကလေးသူငယ်တရားရုံးမှာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။












