
အဲရစ် ကန်တာက အိုဘားမား ကျိုးကြောင်း မကျ လို့ စွပ်စွဲ
ဒီနှစ် ကုန်ပိုင်းမှာ ဖြစ်လာနိုင်စရာ ရှိနေတဲ့ အသုံးစရိတ် လျှော့ချပြီး အခွန်အတုပ်တွေ တက်လာမယ့် အမေရိကန် ဘဏ္ဍာရေး ကွာဟချက် ကြီးမားမှုကို ရှောင်ရှားနိုင်ဖို့ ကွန်ဂရက် လွှတ်တော်မှာ ဆွေးနွေး နေကြ ပါတယ်။
ဒီ ဘဏ္ဍာရေး ကွာဟချက်ကြောင့် အမေရိကန် စီးပွားရေး ပြန်ပြီး ဆုတ်ယုတ် သွားနိုင်ပါတယ်။
တနှစ်ကို ဒေါ်လာ တသန်း ကျော် ဝင်တဲ့ အမေရိကန် နိုင်ငံသား တွေ ကစပြီး အခွန် တိုးကောက်ဖို့ ရီပတ်ဘလစ်ကန် တွေက လိုလားနေပြီး သမ္မတ အိုဘားမားက တော့ တနှစ် ဒေါ်လာ ၄ သိန်း ဝင်သူတွေက စပြီး အခွန်တိုး ကောက်ချင်တာပါ။
သတင်းထောက် တွေ အဆိုအရ ရီပတ် ဘလစ်ကန် ဘက်က ကွန်ဂရက်မှာ မဲခွဲဖို့ တင်ထားတဲ့ အဆိုဟာ ဆီးနိတ် လွှတ်တော် ရောက်ရင် လုံးဝ ရှုံးနိမ့်ဖို့ သေချာပြီးသား ဖြစ်သလို ဆီးနိတ်မှာ အနိုင်ရရင်တောင် သမ္မတက ဗီတို အာဏာနဲ့ ပယ်ချလိမ့်မယ် လို့ သိရပါတယ်။
ဒီအဆို ကို ဦးဆောင် တင်သွင်း ခဲ့တဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော် လူများစု အမတ် ခေါင်းဆောင် အဲရစ် ကန်တာက သမ္မတ အိုဘားမားကို ကျိုးကြောင်း မကျသူအဖြစ် စွပ်စွဲ ပြစ်တင် လိုက်ပါတယ်။
အမေရိကန်မှာ ရင်ဆိုင် နေရတဲ့ ပြဿနာ တွေကို မှန်ကန် မျှတအောင် ချဉ်းကပ် နိုင်ဖို့ ဥပဒေ ပြဋ္ဌာန်း နိုင်ရေး အတွက် အားလုံး ဆန္ဒ ရှိကြတာပါ။ ဒါပေမဲ့ သမ္မတ ဘက်က ဒီလို မျှမျှတတ မသုံးသပ်ဘူးလို့ အဲရစ် ကန်တာ က ပြောဆိုပါတယ်။












