
အိုဘားမားကို ဒီမိုကရေစီ အတွက် မျှော်လင့်ကြ
သမ္မတ အိုဘားမားရဲ့ အလည်ခရီးက စိန်ခေါ်မှု တွေကြားက မြန်မာ့ ဒီမိုကရေစီ ရေးကို အရှိန် မြှင့်ပေးနိုင်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ခဲ့ပါတယ်။
ပြုပြင်ရေး လမ်းကြောင်းပေါ်က မြန်မာ အစိုးရကို အမေရိကန် သမ္မတက အားပေး တုံ့ပြန်ဖို့ အရေးကြီး တယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး တွမ် Donilon က ပြောပါတယ်။
အိုဘားမား ခရီးစဉ်မှာ ရိုဟင်ဂျာ အရေး ကိုင်တွယ်ပုံ တိုးတက်အောင် မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်း လိမ့်မယ်လို့လဲ သူက ဆိုပါတယ်။
မြန်မာပြည် တံခါးဖွင့် ပြောင်းလဲမှု အကျိုး ရလဒ် တွေကို မြောက်ကိုရီးယား အနေနဲ့ အတုယူ သင့်ကြောင်းလဲ မစ္စတာ Donilon က ပြောကြား ပါတယ်။
ဒါပေမဲ့ အိုဘားမား မလာခင် ရက်ပိုင်း အတွင်း အကျဉ်းသား ၄၅ဝ ကျော် မြန်မာ အစိုးရ ပြန်လွှတ် ပေးရာမှာ နိုင်ငံရေး အကျဉ်းသား တွေ ပါမလာဘူးလို့ စောင့်ကြည့် နေတဲ့ အုပ်စု တွေနဲ့ မိသားစု တွေက ပြောပါတယ်။
အကျဉ်းသား လွတ်မြောက်ရေး လှုံ့ဆော် နေသူ များ ကလဲ မြန်မာ အစိုးရ က နိုင်ငံရေး ကစား နေတာလို့ စွပ်စွဲ နေကြပါတယ်။












