
မဲရုံပိတ်ချိန်ထိ တန်းစီစောင့်နေကြ
ရေကုန် ရေခမ်း ယှဉ်ပြိုင် နေကြတဲ့ အမေရိကန် သမ္မတ ရွေးပွဲ မဲဆွယ်ပွဲ တွေ အဆုံးသတ်ချိန်မှာ နိုင်ငံ တဝှမ်းက မဲရုံတွေ ပိတ်တော့မှာ ဖြစ်ပါတယ်။
သမ္မတ ဘားရက် အိုဘားမား က သူ့မြို့ ချီကာဂို မှာပဲ ရွေးကောက်ပွဲ အတွက် စေတနာ့ ဝန်ထမ်း မဲဆွယ် ပေးသူ တွေကို လိုက်လံ တွေ့ဆုံကာ မိတ်ဆွေ ရင်းတွေနဲ့ ဘက်စကက်ဘော ကစား နေပါတယ်။
သူ့ပြိုင်ဘက် မစ်ထ် ရွန်နီ ကတော့ ပင်ဆယ်လ် ဗေးနီးယား နဲ့ ယတိပြတ် အဖြေ မထွက်သေးတဲ့ အိုဟိုင်းယိုး ပြည်နယ် တွေမှာ နောက်ဆုံး မဲမဆွယ်ခင် ဘော့စတွန်မှာ မဲပေး ခဲ့ပါတယ်။
သဘောထား စစ်တမ်း ကောက်ခံ ချက်တွေ အရ မစ္စတာ အိုဘားမား အဓိကပြည်နယ် အများစုမှာ ပွတ်ခါ သီခါနဲ့ အသာရနေ ပြီး နောက်ဆုံး ရလဒ် ထွက်လာခါနီးပြီလို့ ခန့်မှန်းကြ ပါတယ်။
ဆီးနိတ် သုံးပုံ တပုံနဲ့ ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲ တွေကိုလဲ တနေ့ထဲပဲ ကျင်းပ ခဲ့တာပါ။
အိုဘားမားရဲ့ ဒီမိုကရက် ပါတီက ဆီးနိတ်ကို ဆက်အုပ်စီး ထားပြီး ရီပတ်ဘလစ်ကန်က ကွန်ဂရက်ကို နေမြဲ အတိုင်း ထိန်းချုပ် ထားအုံးမယ်လို့ မှန်းဆ နေကြပါတယ်။
ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တွေလဲ ပြည်နယ် အတော်များများမှာ ကျင်းပ နေပါတယ်။












