
တချို့ တဲထိုးပြီး မဲပေး ရ
အရင် ပတ်က မုန်တိုင်းဒဏ် အပြင်းအထန် ရင်ဆိုင် လိုက်ရပြီး အသားမသေ သေးတဲ့ အမေရိကန် အရှေ့ပိုင်း နေရာ အတော် များများမှာ မဲပေးရ လွယ်အောင် အထူး စီမံ ပေးနေပါတယ်။
နယူးယော့ က မဲရုံ အများစု ပုံမှန် အတိုင်း အလုပ်လုပ် နေတယ်လို့ ဆိုပါတယ်။
တချို့ နေရာ တွေမှာ တဲထိုးပြီး မဲပေး ရတာပါ။
အရေးပေါ် အခြေအနေ ကြေညာ ထားတဲ့ အချိန်မှာ ပြည်သူတွေ အဆင်ပြေတဲ့ နေရာမှာ မဲပေးခွင့် ပြုထားပြီး သူတို့ အတွက် အထူး ဘတ်စ်ကားတွေလဲ ပြေးဆွဲပေး ပါတယ်။
ဒီမုန်တိုင်းကြောင့် မဲပေးခွင့် ဆုံးရှုံးမှာကိုလဲ ပြည်သူတွေက စိုးရိမ် ခဲ့ကြတာပါ။ ဒီလို မဲပေးယာဉ်တွေကြောင့် သာ အဆင်ပြေပြေ မဲပေးနိုင်ခဲ့ကြပါတယ်။
စန္ဒီ မုန်တိုင်းကြီး ဒဏ်ကို အလူးအလဲ ခံလိုက်ရတဲ့ နယူးဂျာစီ ပြည်နယ် မှာ အီးမေးလ်၊ ဖက်စ် တွေနဲ့ မဲပေးခွင့် ပြုထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓဟူး နေ့မှာ မုန်တိုင်းတခု ချဉ်းကပ် လာနေလို့ နယူးယော့က ပန်းခြံနဲ့ ရေချိုးဆိပ် တွေကို ပိတ်ထားမယ်လို့ မြို့တော်ဝန် ဘလွန်းဘတ်က ကြေညာ ထားပြီး အနိမ့်ပိုင်းက ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ဖို့ ပြင်ဆင် နေပါတယ်။
ဒီမုန်တိုင်းကြောင့် နယူးယော့၊ နယူးဂျာစီ၊ မေရီလန်း၊ ဗာဂျင်းနီးယား ပြည်နယ် ကမ်းရိုးတန်း တွေမှာ မုန်တိုင်း ဒီရေတွေ တက်ပြီး လေပြင်းကျ လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။












