
အမေရိကန်ဆီ ဦးတည်နေတဲ့ ဟာရီကိန်း ဆန်ဒီ
အမေရိကန် နိုင်ငံ မှာတော့ မကြာခင် ကျင်းပ တော့မယ့် သမ္မတ ရွေးကောက်ပွဲ အတွက် အရေးကြီးတဲ့ အချိန် ရောက်နေ ချိန်မှာ သမ္မတ အိုဘားမားဟာလည်း မကြာခင် အမေရိကန် အရှေ့ဘက် ကမ်းကို ဝင်ရောက် တိုက်ခတ် တော့မယ့် မုန်တိုင်း အတွက် ကြိုတင် ပြင်ဆင် နိုင်ဖို့ အရေးပေါ် ဌာနတွေက အကြီးအကဲ တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဟာရီကိန်း မုန်တိုင်း ဆန်ဒီ ဟာ အန္တရာယ် ကြီးမားပြီး နီးလာတာနဲ့ အမျှ လေပြင်းတွေ တိုက်ခတ် လာနိုင်သလို တချို့ဒေသတွေမှာ ပြင်းထန်တဲ့ ဆောင်းရာသီ ရာသီဥတု မျိုးကို ဖြစ်ပေါ် စေနိုင်တယ်လို့ မိုးလေဝသ ပညာရှင် တွေက ကြိုတင် ဟောကိန်းထုတ် သတိပေး ထားကြပါတယ်။
သမ္မတ အိုဘားမားရော ပြိုင်ဘက် ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီရော မုန်တိုင်းကြောင့် မဲဆွယ်ပွဲ ခရီးစဉ်တွေကို ပြောင်းလဲခဲ့ရ ပေမယ့် ကြားမဲတွေ ဖြစ်နေတဲ့ အရေးကြီးတဲ့ ပြည်နယ်တွေ မှာတော့ ဆက်လက် မဲဆွယ် စည်းရုံး နေကြပါတယ်။ စစ်တမ်းတွေ မှာလည်း ဒီနှစ်ဦး စလုံးရဲ့ လူကြိုက်များ မှုဟာ မတိမ်းမယိမ်း ဖြစ်နေပါတယ်။












