အီလွန်မက်စ် တွစ်တာ ဝယ်ယူမှုနဲ့ အပြောင်းအလဲ ဖြစ်နိုင်ခြေတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီလွန်မက်စ်က တွစ်တာကိုဝယ်ယူဖို့သဘောတူပြီးနောက် တွစ်တာမှာ ဆင်ဆာဖြတ်တောက်မှုတွေလျှော့ချဖို့ ကတိပေးခဲ့ပြီး သု့ရဲ့တွစ်တာကို "ဒစ်ဂျစ်တယ်လောက စုဝေးဖလှယ်ရာ "နေရာဖြစ်အောင်လုပ်မယ်ဆိုတဲ့ သူ့ရဲ့ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်၊
တကယ်လို့ တွစ်တာမှာသာ ထိန်းညှိမှုတွေ ကင်းမဲ့လာရင် အမုန်းစကားတွေ မြင့်တက်လာနိုင်တယ်ဆိုတဲ့ လူ့အခွင့် အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှုတွေကလည်း မြင့် တက်လာနေပါတယ်။
ပိတ်ထားတဲ့တွစ်တာ အကောင့်တွေကို တွစ်တာကုမ္ပဏီက ပြန်ဖွင့်ပေးတော့မှာလား ဆိုတဲ့မေးခွန်းတွေကလည်း တွစ်တာအသုံးပြုသူအများစုက မေးနေကြပါတယ်။
တွစ်တာအကောင့်ပိတ်ခံရတဲ့သူတွေထဲမှာ နာမည်အကြီးဆုံးပုဂ္ဂိုလ်ကတော့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဖြစ်ပါတယ်။
အီလွန်မက်စ်နဲ့ တွစ်တာဘုတ်အဖွဲ့အကြား သဘောတူညီချက်ရတဲ့အကြောင်း ကြေငြာပြီး နောက်ပိုင်းမှာ လူ့အခွင့်အရေးအဖွဲ့တွေက အမုန်းစကားတွေနဲ့ နှင့်ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာသလို လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ပြီး မစ္စတာ မက်စ်က လုပ်ပိုင်ခွင့်အာ ဏာတွေရသွားပြီဖြစ်ပါတယ်။
တွစ်တာဟာ လွတ်လပ်စွာပြောဆိုခွင့်အတွက် စစ်မှန်တဲ့ ဟစ်တိုင်တစ်ခု ဖြစ်ဖို့ လိုအပ်တယ်လို့ တွစ်တာရဲ့ မူဝါဒနဲ့ပတ်သက်လို့ ငြင်းခုံနေတာတွေကို သူက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
တွစ်တာကိုဝယ်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ကြေညာချက်ထဲမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး "ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်" အဖြစ် ဖော်ပြခဲ့ပါတယ်။
"အသုံးပြုတဲ့သူတွေ ကို ကာကွယ်ဖို့ ရေးဆွဲထားတဲ့ ယန္တရားတွေနဲ့ လိုက်နာ ကျင့်သုံးရမယ့် မူဝါဒ တွေပျက်ပြားစေနိုင်တဲ့ ဖိအားပေးလုပ်ဆောင်မှုတွေ တွစ်တာမှာဖြစ်လာမှာကို စိုးရိမ်မိပါတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းသာခွင့်အဖွဲ့က တွစ်တာမှာ ပြောခဲ့ပါတယ်။
"ကျွန်ုပ်တို့မလိုလားဆုံးကတော့ သုံးစွဲသူတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် အမျိုးသမီးတွေ ၊ဘယ်လို လိင်အမျိုးစားလဲဆိုတာ သီးခြားမ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အခြားသူတွေ အပါအဝင် သုံးစွဲသူတွေ အပေါ် ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားလုံးတွေ ကို တမင်တကာ မျက်ကွယ်ပြုထားမှာကို ပါပဲ။ "
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 1
သူတို့နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ အပေါ် မှတ်ချက်ပေးဖို့ ဘီဘီစီရဲ့ တောင်းဆိုမှုကို တွစ်တာက ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ထရမ့် တွစ်တာကို ပြန်ရောက်လာမှာလား
ဝါရှင်တန်ရှိ အမေရိကန် ကွန်ဂရက် အဆောက်အအုံမှာ ဇန်နဝါရီ ၆ ရက်နေ့က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာ အကောင့်ကို မနှစ်က အပြီးတိုင် ပိတ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ တွစ်တာအကောင့်ကို ပြန်ဖွင့်ပေးမယ်ဆိုရင်တောင်မှ တွစ်တာကို ဆက်သုံးမယ့်အစား သူ့ရဲ့ကိုယ်ပိုင် ပလက်ဖောင်းဖြစ်တဲ့ Truth Social ကိုပဲ သုံးမယ်လို့ ထရမ့်က ပြောပါတယ်။
"ကျွန်တော် တွစ်တာကို မသုံးတော့ပါဘူး။ Truth မှာပဲ ဆက်ရှိနေမှာပါ" လို့ ထရမ့်က Fox News ကို ပြောခဲ့ပါတယ်။
အီလွန်မက်စ်ကို သူက "လူကောင်း" တယောက်လို့ ခေါ်ခဲ့ပြီး အီလွန်မက်စ်က တွစ်တာကို တိုးတက်လာအောင်လုပ်ပေးနိုင်လိမ့် မယ်လို့ယုံ ကြည်တဲ့အကြောင်း ပြောခဲ့ပါတယ်။
ထရမ့်ကိုယ်စားလှယ်တွေကတော့ ဘီဘီစီက မေးတဲ့ မေးခွန်းတွေကို ချက်ချင်း မတုံ့ပြန်ကြပါဘူး။
ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုကုမ္ပဏီ TF International Securities က နည်းပညာလေ့လာသုံးသပ်သူ မင်ချီကူ Ming-Chi Kuoက ထရမ့်က ၂၀၂၄ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင် တွစ်တာ ပလက်ဖောင်းကို ပြန်သွားဖို့ ဆုံးဖြတ်နိုင်တယ်လို့ ဘီဘီစီကို ပြောထားပါတယ်။
"တွစ်တာက သူ့အတွက်အသံထွက်လို့ ပိုကောင်းတဲ့ နေရာတစ်ခုဖြစ်နေပြီး တွစ်တာကလည်း သူ့အကောင့်ကို ပြန်ပေးချင်မှာပါ "လို့ မစ္စတာကူက ပြောပါတယ်။
"လာမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် တွစ်တာထက် လွှမ်းမိုးမှုပိုရှိတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း တစ်ခုကို တည်ဆောက်ဖို့ ဆိုတာ မလွယ်ပါဘူး။"
တွစ်တာကနေ လူတွေထွက်သွားကြမှာလား
သူ့ကို အပြင်းထန်ဆုံး ဝေဖန်တဲ့ ဝေဖန်ရေး သမားတွေတောင် "လွတ်လပ်စွာ ပြောဆိုခွင့် အတွက်" အဲ့ဒီလူတွေတွစ်တာမှာ ဆက်ရှိနေသင့်တယ် လို့ မစ္စတာမက်စ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တွစ်တာ အသုံးပြုသူတချို့က တွစ်တာကနေ ထွက်သွားတော့မယ် လို့ခြိမ်းခြောက်ခဲ့ကြပြီး တချို့ဆို နုတ်ထွက်ပြီးသားတောင် ဖြစ်နေပါပြီ။
တီဗီစီးရီး The Good Place မှာ ပါဝင်သရုပ်ဆောင်တာကြောင့် လူသိများလာတဲ့ ဗြိတိန်သရုပ်ဆောင် ဂျမီလာဂျာမေးလ်ကဆိုရင် တွစ်တာဟာ "တရားလက်လွတ် ၊ မုန်းတီးဖွယ်ကောင်းပြီး မျက်ကန်း မျိုးချစ်တစ်ကိုယ်ကောင်းဆန်၊ အလွဲသုံးစား လုပ်တဲ့ နေရာ" ဖြစ်လာတော့မယ်လို့ ယူဆတဲ့အကြောင်း ပြောနေပါတယ်။
"ဒါက ကျွန်မရဲ့ နောက်ဆုံး tweet ပဲ ဖြစ်ချင်ဖြစ်မှာပါ " လို့ ဂျာမေးက သူမရဲ့ Follower တစ်သန်းကို တွစ်တာမှာ ပြောပြခဲ့ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 2
တစ်ချိန်တည်းမှာပဲ တွစ်တာမှာ ပရိသတ် လေးသိန်းခွဲရှိတဲ့ မေရီလန်းတက္ကသိုလ်က ပါရဂူဘွဲ့လွန်သုတေသနပညာရှင် ကာရိုလင်းဘူနိုကတော့ သူ့အနေနဲ့ တွစ်တာကို ဆက်သုံးသွားမယ်လို့ ပြောခဲ့ပါတယ်။
"အီလွန်မက်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာ ကျွန်မတို့ မသိဘူး" လို့ မစ္စဘူနိုက ပြောပါတယ်။
"ကျွန်မတို့ သိတာက အရည်အချင်းရှိတဲ့လူတွေအားလုံး အဲ့ဒီက ထွက်သွားရင် အဲ့ဒီနေရာက ဆိုးသွားတာပိုမြန်မြန်ဖြစ်လာလိမ့်မယ်" ဆိုတာလည်း သူက ထပ်ဖြည့်ပြောပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post, 3
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Wedbush Securities ကဆန်းစစ်ဝေဖန်သူ ဒန်အီဗက်စ်က တော့ တွစ်တာ အသုံးပြုသူအများစုဟာ စောင့်ကြည့်ချဉ်းကပ်လေ့လာမှုတွေ လုပ်နေ ကြတယ်လို့ သူ ထင်တဲ့အေကြာင်း ဘီဘီစီကို ပြောပါတယ်။
"အခုက တွစ်တာအနေနဲ့ သုံးစွဲသူအသစ်တွေကို စွဲဆောင်စည်းရုံးဖို့နဲ့ ရှိပြီးသား လူတွေထွက်မသွားအောင် လုပ်ဖို့လိုတယ်လို့ မစ္စတာအီဗက်စ်က ဆိုပါတယ်။
မသေချာမရေရာမှုတွေ ရှေ့မှာရှိနေ
အဖွဲ့ဝင် ၁၁ ဦးပါ တွစ်တာဘုတ်အဖွဲ့က မစ္စတာ မက်စ်ရဲ့ ဒေါ်လာ ၄၄ ဘီလျံ (ပေါင် ၃၄.၅ ဘီလီယံ) ကမ်းလှမ်းမှုကို တညီတညွတ်တည်း သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
သူ့အနေနဲ့ "တွစ်တာကို ဘယ်သူကတော့ ပိုင်ဆိုင်သင့်တယ်၊ ဘယ်သူကတော့ ဦးဆောင်သင့်တယ်ဆိုတာ" ကို မပြောချင်ပေမယ့် တွစ်တာဟာ "အများပြည်သူ တွေ လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် "သူ ပျော်ရွှင်ခဲ့ပါတယ်လို့ တွစ်တာကို ပူးတွဲတည်ထောင်သူ ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်နေဆဲ ဂျက်ဒေါ်စီက ပြောကြားခဲ့ပါတယ်။
"ကုမ္ပဏီတစ်ခုအနေနဲ့ မဟုတ်ဘဲ အများသူငါ ကျင့်ဝတ်စောင့်ထိန်းတဲ့ ကောင်း ကျိုးဖြစ်မယ့်နေရာတခု ဖြစ်ချင်တယ်" လို့ မစ္စတာဒေါ်စီက အင်္ဂါနေ့တုန်းက တွစ်တာမှာ ပြောထားတာလည်း ရှိပါတယ်။
"ဒါပေမယ့် ကုမ္ပဏီတစ်ခုအနေနဲ့ပြဿနာကို ဖြေရှင်းဖို့ ဆိုရင် အီလွန် က ကျွန်တော် ယုံကြည်ရတဲ့ တစ်ခုတည်းသော အဖြေပါ။ အသိဉာဏ်အလင်းကို တိုးချဲ့ဖို့ သူ့ရည်မှန်းချက်ကို ကျွန်တော် ယုံကြည်တယ်"လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တွစ်တာရဲ့ အမှုဆောင်အရာရှိချုပ် Parag Agrawalက ကုမ္ပဏီရဲ့ အနာဂါတ် မရေ ရာဘူးလို့ အစည်းအဝေးတစ်ခုမှာ ဝန်ထမ်းတွေကိုပြောကြားခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"ဒီ သဘောတူညီချက်ရပြီးတဲ့အချိန်မှာ တွစ်တာက ဘယ်လို ဦးတည်သွားနေတယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး"လို့ Mr Agrawal က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေရဲ့ တုံ့ပြန်ချက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တွစ်တာကို ပိုင်တဲ့သူ ဒါမှမဟုတ် အသုံးပြုတဲ့သူ ဘယ်သူ့ကိုမဆို ကြီးမားတဲ့ လူမှုကွန်ရက် မီဒီယာပလက်ဖောင်းတွေရဲ့ စွမ်းအားနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတယ်လို့ ပြောတဲ့အကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ယန်းပါစကီးက သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။
ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် အဲလိဇဘတ်ဝါရင်းက တွစ်တာကို အီလွန်မက်စ်ကိုရောင်းလိုက်တဲ့ သဘောတူညီချက်က "ကျွန်တော်တို့ ဒီမိုကရေစီအတွက် အန္တရာယ်ရှိတယ်"လို့ ဆိုပြီး တွစ်တာကို စည်းစိမ်ဥစ္စာအခွန်နဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ်ဖို့ တွန်းအားပေးနေ ပါတယ်။
တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာရှာဘလက် ဘန်းကလည်း အဆိုပါသဘောတူညီချက်ရတဲ့နေ့ဟာ လွတ်လပ်စွာ ပြောဆို ခွင့်အတွက် အားတက်စရာ နေ့တစ်နေ့အဖြစ် ကြိုဆိုခဲ့ပါတယ်။








