ထရမ့်ထောက်ခံသူများ လွှတ်တော်အဆောက်အအုံထဲ အတင်းဝင်ရောက်သည့် ဓာတ်ပုံများ

သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အုပ်စုလိုက်အမေရိကန်လွတ်တော် ကက်ပီတိုလ်အဆောက်အအုံထဲကို အတင်းအဓမ္မဝင်ရောက်ခဲ့ကြပြီးတဲ့နောက် အထက်ရော အောက်လွှတ်တော်နှစ်ရပ်လုံးမှာ ဆွေးနွေးမှုတွေကို အမတ်တွေက ရပ်ထားလိုက်ကြပြီး အခန်းတွေထဲ ၀င်ခိုလှုံနေကြပါတယ်။ ကွန်ဂရက်လွှတ်တော်မှာ သမ္မတလောင်းအဖြစ် အရွေးခံထားရတဲ့ ဂျိုးဘိုင်ဒန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကို အတည်ပြုဖို့ စတင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

လွှတ်တော် အဆောက်အအုံထဲ ထရမ့်ထောက်ခံတဲ့ ဆန္ဒပြသမားတွေ ဝင်ရောက်မှုမှာ လူ လေးဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီး တစ်ယောက်က ရဲ ပစ်ခတ်ခံရတာ ဖြစ်ပြီး ကျန်တဲ့ သုံးယောက်က ကျန်းမာရေး အရေးပေါ် ကုသဖို့ လိုအပ်တဲ့ အခြေအနေနဲ့ သေဆုံးတာ ဖြစ်ပါတယ်။

အခုထက်ထိ လူ ၅၂ ဦးကို ဖမ်းဆီးထားပါတယ်။ အဲဒီထဲက ၄၇ ဦးဟာ တားမြစ်ကန့်သတ်ထားတဲ့ ကာဖျူးအမိန့်ကို ချိုးဖောက်လို့ ဖြစ်ပါတယ်။

လွှတ်တော်အခန်းထဲ ရောက်နေတဲ့ ဆန္သပြသူ တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, Confederate အလံကို ကိုင်ထားတဲ့ ဆန္ဒပြသူတစ်ယောက် လွှတ်တော်အခန်းထဲ ဝင်ရောက်လာတာတွေ့ရစဉ်
ထရမ့်ထောက်ခံသူများ လွှတ်တော်အဆောက်အဦထဲ အတင်းဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတထရမ့်ကိုထောက်ခံတဲ့ အမှတ်အသားတွေ ဝတ်ထားသူတွေက လွှတ်တော်ခန်းမထဲမှာ ဓာတ်ပုံတွေ ရိုက်
လွှတ်တော်အဆောက်အဦထဲက စကားပြောစင်တစ်ခုကို သယ်သွားတဲ့ ဆန္ဒပြသူတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွှတ်တော်အဆောက်အဦထဲက စကားပြောစင်တစ်ခုကို သယ်သွားတဲ့ ဆန္ဒပြသူတစ်ယောက်
ရဲတွေလည်း သေနတ်တွေထုတ်ပြီးအသင့်ပြင်ထားကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွှတ်တော်ထဲမှာရှိကြတဲ့ ရဲတွေလည်း သေနတ်တွေထုတ်ပြီးအသင့်ပြင်ထားကြတာတွေ့ရပါတယ်။
ဆီးနိတ်ခန်းမထဲကို ခုန်ဆင်းဖို့ ကိြုးစားနေသူ တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးနိတ်လွှတ်တော်ခန်းမထဲကို အပေါ်ထပ်က ခုန်ချလာတဲ့ ဆန္ဒပြသူတစ်ယောက်
ဓာတ်ငွေ့အကာအရံတွေ ဝတ်ပြီး အခန်းထဲမှာခိုလှုံနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွှတ်တော်အမတ်တွေနဲ့ ဝန်ထမ်းတွေလည်း ဓာတ်ငွေ့အကာအရံတွေ ဝတ်ပြီး အခန်းထဲမှာခိုလှုံနေကြတာတွေ့ရ
ထရမ့်က ကျွန်ုပ်တို့ရဲ့ သမ္မတလို့ရေးထားတဲ့ အလံလွှင့်ထူနေတဲ့ ဆန္ဒပြသူတစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်က ကျွန်ုပ်တို့ရဲ့ သမ္မတလို့ရေးထားတဲ့ အလံလွှင့်ထူနေတဲ့ ဆန္ဒပြသူတစ်ယောက်
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်နက်အပြည့်အစုံတပ်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး
လွှတ်တော်ခန်းမထဲမှာ ရင်ဆိုင်နေကြတဲ့ ရဲတွေနဲ့ ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွှတ်တော်ခန်းမထဲမှာ ရင်ဆိုင်နေကြတဲ့ ရဲတွေနဲ့ ဆန္ဒပြသူတွေ
ပြူတင်းပေါက်တွေချိုးဖျက်ဝင်လာသူတစ်ယောက်ကိုရဲက ငရုတ်ကောင်းရည်နဲ့ ပစ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြူတင်းပေါက်တွေချိုးဖျက်ဝင်လာသူတစ်ယောက်ကိုရဲက ငရုတ်ကောင်းရည်နဲ့ ပစ်
လွှတ်တော်အဆောက်အအုံထဲ ဝင်လာနိုင်ပြီးတဲ့နောက် အောင်ပွဲခံနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လွှတ်တော်အဆောက်အအုံထဲ ဝင်လာနိုင်ပြီးတဲ့နောက် အောင်ပွဲခံနေကြသူတွေ
မျက်နှာမှာ ဆေးခြယ်ပြီး ထူးဆန်းတဲ့ ဝတ်စုံတွေလည်း ဝတ်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချို့ ဆန္ဒပြသူတွေကတော့ မျက်နှာမှာ ဆေးခြယ်ပြီး ထူးဆန်းတဲ့ ဝတ်စုံတွေလည်း ဝတ်လာကြပါတယ်။
လစ်ဘာတီရုပ်တုပုံစံ ဝတ်စားပြီး ရောက်လာတဲ့ ဆန္ဒပြသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လစ်ဘာတီရုပ်တုပုံစံ ဝတ်စားပြီး ရောက်လာတဲ့ ဆန္ဒပြသူတစ်ဦး
လွှတ်တော်ကို စီးနင်းမှုတွေ ရပ်ဖို့ သမ္မတလောင်း ဂျိုးဘိုင်ဒန်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရွေးကောက်ခံထားရတဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သမ္မတထရမ့်ကို အခုလွှတ်တော်ကို စီးနင်းမှုတွေ ရပ်အောင်လုပ်ဖို့ ပြော
လွှတ်တော်အဆောက်အဦရှေ့မှာ စုဝေးနေခဲ့ကြတဲ့ ထရမ့်ထောက်ခံသူတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစောပိုင်းက လွှတ်တော်အရှေ့မှာ စုဝေးနေခဲ့ကြတဲ့ ထရမ့်ထောက်ခံသူတွေ

ဓာတ်ပုံများအားလုံးတွင် မူပိုင်ခွင့်ရှိနိုင်ပါသည်။