ရွှေ့ပြောင်းဝင်လာသူတွေအရေးကြောင့် အထောက်အပံ့တွေ ဖြတ်ပစ်မယ်လို့ ထရမ့်ဆို

A Honduran migrant protects his child after fellow migrants, part of a caravan trying to reach the U.S., stormed a border checkpoint in Guatemala, in Ciudad Hidalgo, Mexico

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂွာတီမာလာနယ်စပ်က ဟွန်ဒူးရပ် ဖခင်တယောက်

ရွှေ့ပြောင်းဝင်လာသူများ အရေးကို မကိုင်တွယ်နိုင်ရင် ဂွာတီမာလာ၊ ဟွန်ဒူးရပ်နဲ့ အယ်လ်ဆာဗေဒိုး နိုင်ငံတွေကို အကူအညီ ဖြတ်မယ်လို့ အမေရိကန် သမ္မတ ထရမ့်က ကြေညာ လိုက်ပါတယ်။

ဒီလူတွေ နေရပ်စွန့်ခွာအောင် ခွင့်ပြုတယ် ဆိုပြီး ထရမ့်က တွစ်တာ ဝက်ဆိုက်ကနေ အပြစ်တင်ခဲ့ပါတယ်။

ဒီပြဿနာတွေအတွက် ဒီမိုကရက်တွေမှာ တာဝန်ရှိတယ်လို့လည်း အမေရိကန်က သက်တမ်းတဝက် ရွေးကောက်ပွဲတွေ မလာခင်မှာ ထရမ့်က ပြစ်တင်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက မက္ကဆီကိုကို ဖြတ်ပြီး အမေရိကန်ကို ချီတက်နေကြတာပါ။

A Honduran migrant, part of a caravan trying to reach the U.S., carries her daughter at a migrant shelter in Guatemala City

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂွာတီမာလာမြို့တော်ရောက် ဟွန်ဒူးရပ် သားအမိ

ရွှေ့ပြောင်းဝင်လာသူ လူတန်းကြီးက မက္ကဆီကိုနဲ့ ဂွာတီမာလာကြားက တောင်ဘက် နယ်စပ်နဲ့ မိုင် ၂ဝ အကွာကို အောက်တိုဘာလ ၂၁ ရက်မှာ ရောက်လာခဲ့ပါတယ်။

ဒီလူတွေကို နယ်စပ်တံတားကနေ မဝင်နိုင်အောင် မက္ကဆီကိုက အစကတည်းက တားဆီးခဲ့ပါတယ်။ တချို့ကတော့ မြစ်ကြောင်းကနေ လှေတွေနဲ့ ခိုးဝင်ခဲ့ပါတယ်။

ဒီလူတွေဟာ အမေရိကန်ထဲကို ခိုးဝင်ဖို့ ကြိုးစားတယ်ဆိုပြီး ထရမ့်က တွစ်တာမှာ စွပ်စွဲရေးသားပါတယ်။ ဒီထဲက မိသားစု အမြောက်အမြားကတော့ နယ်စပ်ကို ဖြတ်ပြီး ခိုလှုံခွင့် တောင်းဖို့ ခရီးဆက်လာကြတာပါ။

သူတို့ ဇာတိနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ဖိနှိပ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ဆူပူမှုတွေ ဘေးက ပြေးလာကြတာလို့လည်း ဒီဝင်လာသူတွေက ပြောပါတယ်။

Dozens of migrants are pictured waiting

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်မှာ နာရီနဲ့ချီ စောင့်နေကြရ

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန်က ဟွန်ဒူးရပ်ကို ဒေါ်လာ ၁၇၅ သန်းကျော်ဖိုး ကူညီခဲ့ပြီး ဂွာတီမာလာကို ၂၄၈ သန်း၊ အယ်လ်ဆာဗေးဒိုးကို ၁၁၅ သန်း ကူတယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီ ကိန်းဂဏန်းတွေအရ သိရပါတယ်။

" နေလောင်ပြီး အဖုတွေ ထွက်လာပေမယ့် ရောက်လာပါပြီ၊ ကျွန်မတို့ရဲ့ ခွန်အားသတ္တိက ထရမ့်ရဲ့ ခြိမ်းခြောက်မှုထက် ကြီးတယ်" လို့ ရွှေ့ပြောင်းဝင်လာသူ အမျိုးသမီးတယောက်က ဆိုပါတယ်။

ဒီလူတွေ လှည့်ပြန်ကြဖို့ ထရမ့်က ထပ်ခါထပ်ခါ သတိပေးခဲ့ပါတယ်။ အမေရိကန် နယ်စပ်ကို ပိတ်ပစ်မယ်၊ ဒီလူတန်းကြီးကို ဖြတ်ခွင့်ပေးတဲ့ နိုင်ငံတွေကို အကူအညီဖြတ်မယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် မက္ကဆီကို တံတိုင်း ခရီး

"မဟားတရား ဝင်လာတဲ့ တရားမဝင် ဝင်လာသူ"တွေကို တားဖို့ ကြိုးစားနေတယ် ဆိုပြီး တွစ်တာမှာ ထရမ့်က ရေးပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

ဒီလူတန်းကြီးဟာ နိုင်ငံရေး အကြံရှိတယ် ဆိုပြီးလည်း ပြောပါတယ်။ "ဒီလူအုပ်ကြီးဟာ ဒီမိုကရက်ပါတီ အတွက် ရှက်စရာပါ။ လူဝင်လူထွက် ဥပဒေတွေ ချက်ချင်း ပြင်ပါ " ဆိုပြီးလည်း သူက ရေးပါတယ်။

ဘာကြောင့် ထရမ့် ဒီလိုတုံ့ပြန်သလဲ

တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေကို ကန့်သတ်ဖို့က ထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိတခု ဖြစ်ပါတယ်။

နိုဝင်ဘာလ ၆ ရက်မှာ လုပ်မယ့် ကြားသက်တမ်း ရွေးကောက်ပွဲမှာ ကွန်ဂရက်က ရီပတ်ဘလစ်ကန် မဲဆန္ဒနယ် တချို့ကို ဒီမိုကရက်က ယူသွားနိုင်ခြေ ရှိနေပါတယ်။ လူဝင်လူထွက်ကိစ္စက အမေရိကန် ရင်ဆိုင်နေရတဲ့ အရေးကြီးဆုံး ကိစ္စ ဆိုပြီးလည်း မဲပေးသူ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းက ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ အမေရိက အလယ်ပိုင်းက ဝင်လာသူ အားလုံးကို ထရမ့်က လက်ခံချင်မှာ မဟုတ်သလို ဒီကိစ္စ အကြောင်းပြပြီး သူ့ထောက်ခံသူတွေဆီက အင်အားစုနေတာလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်လာသူတွေ

ရာဇဝတ်မှု ထူပြောတဲ့ ဆန်ပေဒရို ဆူလာမြို့မှာ အောက်တိုဘာလ ၁၃ ရက်က ဟွန်ဒူးရပ် နိုင်ငံသား လူတထောင်လောက် ဘတ်စ်ကားပေါ်က ဆင်းပြီး ခြေကျင်လျှောက်လာကြပါတယ်။

အလုပ်လက်မဲ့ပြဿနာနဲ့ ခြိမ်းခြောက်ခံရမှုတွေကနေ လွတ်မြောက်ဖို့ ပြေးကြတာပါ။

Honduran migrants heading to the United States rest at the Casa del Migrante (Migrant's House) in Guatemala City on October 17, 2018.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လူအုပ်ထဲမှာ အမျိုးသမီးနဲ့ ကလေးအများအပြားပါ

လူအုပ်ကြီးနဲ့ ရွှေ့ပြောင်းနေတဲ့ ကိစ္စကို အမတ်ဟောင်း တယောက်က ဖေ့စ်ဘွတ်မှာ တင်လိုက်ပြီးနောက် သတိထားလာကြသလို လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းက တောမီးလို ပြန့်သွားပါတယ်။

ဒါဟာ ကျွန်မတို့ရဲ့ အမေရိကန်ရောက်ဖို့ အိပ်မက်ပဲ လို့လည်း မိခင်တယောက်က အယ်လ် ဟာရယ်ဒို သတင်းစာကို ပြောပါတယ်။ အဲဒီမှာ ကလေးတွေအတွက် အနာဂတ်ကောင်းတယ်၊ ဒီမှာတော့ အလုပ်မရှိဘူးလို့လည်း ပြောပါတယ်။

တခြား အမေရိက နိုင်ငံတွေက လူတွေလည်း သူတို့နဲ့အတူ ဂွာတီမာလာကို ဖြတ်ပြီး မက္ကဆီကို နယ်စပ်ကို သွားနေကြတာပါ။

ဒီဒေသဟာ ကမ္ဘာပေါ်မှာ လူသတ်မှု အများဆုံး နေရာတခု ဖြစ်သလို ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုတွေက ထွက်ပြေးလာသူတွေလည်း များပါတယ်။

Presentational grey line
ဗီဒီယို ပုံစာ, အမေရိကန်ရဲ့ ရွှေ့ပြောင်းကလေး ပြဿနာ
Presentational grey line

ဘာကြောင့် အုပ်ဖွဲ့ လာကြသလဲ

ဒီလို လူအုပ်ဖွဲ့ပြီး အများကြီး ရွှေ့ပြောင်းကြတာက ဖြစ်တာ မကြာသေးပါဘူး။ အမေရိက အလယ်ပိုင်းက လူတွေ နေရပ်စွန့်ပြီး အမေရိကန် သွားကြရင် လူစု သွားတတ်ပေမယ့် ဒီလို အုပ်လိုက်ကြီး သွားတာက ထူးဆန်းပါတယ်။

A Honduran migrant holds a baby as he takes part in a caravan heading to the US on October 21, 2018.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လမ်းမှာ အန္တရာယ်များလို့ အုပ်စုဖွဲ့သွားတာက ပိုလုံခြုံတယ် ထင်ကြ

ဒါဟာ ဒီနှစ်ထဲမှာ ဟွန်ဒူးရပ်က ဒုတိယမြောက် ထွက်လာတဲ့ လူအုပ်ကြီးပါ။ အမေရိကန် တောင်ဘက် နယ်စပ်ကို မိုင် နှစ်ထောင်ကျော် သွားပြီး ဧပြီလက ဒီလို လူအုပ်ကြီး ရောက်လာဖူးပါတယ်။

နယ်စည်းမခြား လူထုကြီးလို့ ခေါ်တဲ့ လူ့အခွင့်အရေး အုပ်စုတစုက ဒီလူအုပ်ကို ခေါင်းဆောင်လာတာပါ။ ဒါမှ ဒီလိုထွက်ပြေးနေရသူတွေရဲ့ ဒုက္ခနဲ့ အမေရိကန်ကို ရောက်ဖို့ လမ်းမှာ ကြုံရတဲ့ ဒုက္ခတွေကို သိကြမှာဆိုပြီး ဒီအဖွဲ့က ဆိုပါတယ်။

ဒီထဲမှာ လူကြီးတွေ၊ သားသည်အမေတွေလည်း ပါလို့ သူတို့ဘာသာ သွားတာထက် အုပ်စုနဲ့ပိုလုံခြုံပါတယ်။

ဒီလို ရွှေ့ပြောင်းလာသူတွေကို လူမှောင်ခိုသမားတွေနဲ့ မူးယစ်ဂိုဏ်းတွေက လမ်းက ဖမ်းဆီးပြန်ပေးဆွဲပြီး သူတို့အလုပ်တွေကို လုပ်ခိုင်းတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီလို လူအုပ်နဲ့ သွားတာက သူတို့အတွက် ပိုလုံခြုံတယ်လို့ ယူဆကြပါတယ်။

လူအုပ်ထဲမှာ လူဘယ်လောက်ပါသလဲ

လူအုပ်က အကွဲကွဲအပြားပြား ဖြစ်နေလို့ အတိအကျ ပြောဖို့ ခက်ပါတယ်။ တချို့က မက္ကဆီကိုက တာပါချူလာ မြို့ကို အရင်ရောက်နှင့်နေပြီး တချို့က ခုမှ ဂွာတီမာလာနဲ့ မက္ကဆီကို နယ်စပ်မှာ ရှိပါသေးတယ်။

Honduran migrants take part in a caravan heading to the US on the road linking Ciudad Hidalgo and Tapachula, Chiapas state, Mexico on October 21, 2018.

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လမ်းတလျှောက် ပူးပေါင်းသူတွေနဲ့ ပေါင်းပြီး အင်အားကြီးလာ

တာပါချူလာကို တနင်္ဂနွေနေ့က ရောက်လာသူ ငါးထောင်ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။ နောက်ထပ် လူ ၁၅ဝဝ လောက်လည်း ဂွာတီမာလာဘက်မှာ ကူးဖို့ စောင့်နေကြတယ်လို့ သိရပါတယ်။

ဟွန်ဒူးရပ်က လူတထောင်လောက်ပါတဲ့ အဖွဲ့သစ်လည်း အမေရိကန်ကို ထွက်လာကြပြီ ဖြစ်ပါတယ်။

Migrant woman
ဓာတ်ပုံ ပုံစာ, တယောက်တည်းသွားရင်း အန္တရာယ်များလို့ အုပ်စုဖွဲ့လာ

အလယ်အမေရိက နိုင်ငံတွေနဲ့ မက္ကဆီကိုရဲ့ တုံ့ပြန်ချက်

အမေရိကန်က အကူတွေ ဖြတ်မယ် ဆိုတော့ ဟွန်ဒူးရပ် သမ္မတ ဟာနန်ဒက်စ်က ဒီလူအုပ်နဲ့ မလိုက်ကြဖို့ သူ့နိုင်ငံသားတွေကို ပြောပါတယ်။ မက္ကဆီကိုနဲ့ ဂွာတီမာလာနယ်စပ်ကို ဘတ်စ်ကားတွေ လွှတ်ပြီး ပြန်ချင်သူနဲ့ မောပြီး ဆက် မလိုက်နိုင်သူတွေ ပြန်လာကြဖို့လည်း ခေါ်ပါတယ်။

ဒီထဲက လူ သုံးထောင်ကျော် ပြန်လာကြတယ်လို့လည်း သိရပါတယ်။

မက္ကဆီကိုကတော့ နိုင်ငံကူးလက်မှတ် မပါသူတွေ၊ ဗီဇာမရှိသူတွေကို သူ့နယ်စပ်မှာတင် တားဆီးမယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ လူထောင်ချီ ဝင်လာပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လို့ အဓိကရုဏ်းရဲတွေလည်း နယ်စပ်ကို တပ်ခေါက် ပြန်ကြပါတယ်။

ဒီထဲက လူ ၉ဝဝ လောက် မြစ်ကို ဖြတ်ပြီး မက္ကဆီကိုထဲ ဝင်လာတာကို ရဲက မတားဘူးလို့ ဆိုပါတယ်။

ဒီလူတွေကို ခိုလှုံခွင့်ယူဖို့ မက္ကဆီကိုဘက်က ပြောလို့ လူတထောင်ကျော် စလျှောက်နေပြီလို့လည်း သိရပါတယ်။ ဒါကလည်း အပြီးအစီး ၄၅ ရက်လောက်ကြာပါတယ်။ ဒီထဲက လက်မခံတဲ့သူတွေ ပြန်ပို့ခံရမှာပါ။

A family in the migrant caravan waits at a gate separating Guatemala from Mexico on 19 October 2018 in Ciudad Tecun Uman, Guatemala

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရွှေ့ပြောင်းဝင်လာသူတွေရဲ့ ပြောဆိုချက်

မက္ကဆီကိုထိ ရောက်လာသူတွေကတော့ ပျော်လွန်းလို့ အော်ဟစ်ကြပါတယ်။

ခင်ပွန်းနဲ့ ကလေးငယ် နှစ်ယောက်ပါတဲ့ မာရီယာဆိုတဲ့ အမျိုးသမီး တယောက်ကတော့ မက္ကဆီကို အာဏာပိုင်တွေကို ဖြတ်သွားခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဟိုမှာ အလုပ်အကိုင်ရှာပြီး ဘဝက ပိုကောင်းတယ် လို့လည်း ပြောပါတယ်။

ကားလို့စ် ဆိုတဲ့သူကတော့ ပြန်ပို့ခံရမှာကို ကြောက်ပါတယ်။ ဒါကြောင့် မြန်မြန်လျှောက်တာ ပိုကောင်းတယ် လို့လည်း သူက ဆိုပါတယ်။