ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆေးစွဲတဲ့ပြဿနာကို အရေးပေါ်အခြေအနေကြေညာ
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဆေးစွဲတဲ့ပြဿနာကို လူထုကျန်းမာရေး အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။
အကိုက်အခဲ ပျောက်ဆေး အပါအဝင် မူးယစ်ဆေးဝါး ကြောင့်နေ့စဉ် အမေရိကန် ပြည်သူ၁၄၀ ကျော်သေဆုံး ရတဲ့အတွက် ဒီဆေးစွဲတဲ့ကိစ္စကို အခုလို ပစ်မှတ်ထား ကိုင်တွယ်တာလို့ သမ္မတက ဆိုပါတယ်။
လူသတ်မှု ကားတိုက်မှုကြောင့် သေဆုံးရတာထက် ဆေးဝါးအလွန်အကျွံသုံးလို့ သေဆုံးရတာပိုများပါတယ်။ မူးယစ်ဆေးစွဲတာ တိုက်ဖျက်ဖို့ ဖယ်ဒရယ်ရံပုံငွေ ကန့်သတ်ချက် တချို့ကို ကျော်ပြီး ဒီညွှန်ကြားချက်ကြောင့် သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
နောက်တဆင့်အနေနဲ့ ဒီကိစ္စအတွက် နှစ်ကုန်အသုံးစရိတ် ပိုရအောင်အစိုးရက ကွန်ဂရက်နဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီလိုအမိန့်ထုတ်ပြန်တာဟာ တနိုင်ငံလုံးရင်ဆိုင်နေရတဲ့ မူးယစ်ဆေးစွဲတဲ့ဘေးဆိုးကြီးကို ပိုအာရုံစိုက်အောင် လုပ်လိုက်တာလို့သမ္မတကို ထောက်ခံသူတွေကပြောသလို ဝေဖန်သူတွေက အခုလိုဆောင်ရွက်ချက် ဟာမလုံလောက်ဖူးလို့ ထောက်ပြနေပါတယ်။
၁၉၉၉ကနေပြန်ကြည့်ရင် ၂၀၁၅ခုနှစ်မှာ ဆေးအမျိုးမျိုး စွဲမှုကြောင့်သေသူ ၃၃၀၀၀ရှိပြီး ၄ဆလောက်တိုးရတယ်လို့ သမ္မတရဲ့မူးယစ်ဆေးဝါးနဲ့ အကိုက်အခဲပျောက် ဆေးစွဲတဲ့ပြဿနာတိုက်ဖျက်ရေး ကော်မရှင်ကဆိုပါတယ်။
အခုအခါ လူထုကျန်းမာရေးအတွက် အရေးပေါ်ကြေညာတာကို ကြိုဆိုကြပေမယ့် ကွန်ဂရက်ကဒိထက် ပိုအရေးယူပြီး မူးယစ်ဆေး စွဲပြဿနာဖြေရှင်းဖို့ငွေပို ချပေးဖို့လူအများ မျှော်လင့်နေကြပါတယ်။