ရုရှားနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ကြော်ငြာတွေကို Facebook ပြန်ဝေမျှ

facebook

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောင်မှာ နိုင်ငံရေး ကြော်ငြာတွေကို သူ့ကွန်ရက်မှာ ပွင့်လင်းမြင်သာစွာ ဖေါ်ပြမယ်လို့ Mark Zuckerberg ပြော

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းက ရုရှားနဲ့ ဆက်နွယ် ပတ်သက်နေတဲ့ နိုင်ငံရေး ကြော်ငြာ မိတ္တူ ၃ထောင်ကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ကွန်ဂရက်စ်ကို ပေးမယ်လို့ Facebook ကုမ္ပဏီက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

နောင်မှာ အလားတူ ကြော်ငြာတွေ အားလုံး ဘယ်သူတွေက ပေးတာလဲ ဆိုတဲ့ အချက်အလက်တွေ ထည့်ပေးရမယ်လို့ Facebook ကုမ္ပဏီ အမှုဆောင် အကြီးအကဲ Mark Zuckerberg က ပြောပါတယ်။

ရုရှား အစိုးရနဲ့ အဆက်အသွယ် ရှိတဲ့ အုပ်စုတစုက ငွေကြေး ထောက်ပံ့တယ်လို့ ယူဆရတဲ့ နိုင်ငံရေး ဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော် တွေ့ထားတယ်လို့ Facebook က အခုလ အစောပိုင်းတုန်းက ပြောပါတယ်။

အခုသီတင်းပတ်ကုန်ကျရင် ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ သမာဓိ ရှိဖို့ကို Facebook က ဆောင်ရွက်နေတယ်လို့ မစ္စတာ Zuckerberg က ဖြည့်စွက် ပြောသွားပါတယ်။