ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ ရွေးကောက်ပွဲ နိုင်ပြီလို့ မွန်းဂျေ-အင်း ကြေညာ
တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲမှာ လူ့ အခွင့်အရေး ရှေ့နေ လစ်ဘရယ် ဝါဒ ကိုင်စွဲသူ မွန်းဂျေ-အင်း က သူအနိုင်ရကြောင်း ကြေညာခဲ့ပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားကို တရားမျှတတဲ့ တိုင်းနိုင်ငံ ဖြစ်အောင် ဆောင်ကြဉ်းပေးမယ် ဆိုပြီး မစ္စတာမွန်းက သူ့အပေါ် ထောက်ခံ အားပေးသူတွေကို ဆိုးလ်မြို့တော်မှာ ကတိပေး ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံသား အားလုံး အတွက် စီမံ အုပ်ချုပ်သူ ဖြစ်စေရမယ် လို့လည်း မစ္စတာမွန်းက ဆိုပါတယ်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အမျိုးသမီး သမ္မတ ပတ် ဂွန်-ဟေးကို ရာထူးကနေ ဖယ်ရှားတဲ့ အထိ နိုင်ငံရေး အခြေအနေ မတည်မငြိမ် ရှုပ်ထွေး လာခဲ့တဲ့ တောင်ကိုရီးယားမှာ အခုလို သမ္မတ ရွေးကောက်ပွဲ ကျင်းပ လာရတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ မစ္စတာမွန်းရဲ့ ရပ်တည်ချက် ကတော့ ပြုံယမ်း အစိုးရနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှု တွေ လုပ်ဆောင်ဖို့ တိုက်တွန်း နေပြီး၊ တောင်ကိုရီးယား နိုင်ငံထဲ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး စံနစ် နေရာချတဲ့ အပေါ်မှာ မေးခွန်းထုတ် နေသူလည်း ဖြစ်ပါတယ်။
မစ္စတာမွန်းဟာ ဒီကနေ့ မေလ ၁ဝ ရက် ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။