သီရိလင်္ကာ ရဲက ဗေဒင်ဆရာကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, ISHARA S. KODIKARA
သီရိလင်္ကာ သမ္မတ Maithripala Sirisena ကို နောက်လသေမယ်လို့ မှားယွင်း တွက်ချက်ခဲ့တဲ့ ဗေဒင်ဆရာကို သီရိလင်္ကာ ရဲက ဖမ်းဆီး လိုက်ပါတယ်။
အရင်က တပ်မှာ တာဝန်ထမ်းခဲ့တဲ့ ဗေဒင်ဆရာ Vijitha Rohana Wijemuni က သမ္မတ သေမယ်ဆိုပြီး လူမှု ကွန်ယက်ပေါ်မှာ ဗီဒီယို နဲ့ ဟောခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ သမ္မတ သီရိသေန သေနိုင်လောက်တဲ့ ရောဂါ ဝေဒနာ ခံစားရမယ် ဒါမှမဟုတ် မတော်တဆ ဖြစ်မယ် ဆိုပြီး ဗေဒင်ဆရာက ဟောခဲ့တာပါ။
နောက်ပိုင်း သူက သမ္မတ သေမယ့်ရက်ကို အောက်တိုဘာလထဲ ရွှေ့ပြီး ပြင်ဟောပါတယ်။
ဒီလို ပြောဆိုမှုတွေကို အသရေဖျက်မှု မြောက်တယ်လို့ အစိုးရ ရှေ့နေတွေက ဆိုပါတယ်။
ဒီဗေဒင်ဆရာဟာ သီရိလင်္ကာမှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၃ဝ ကလည်း အိန္ဒိယ ဝန်ကြီးချုပ် ရာဂျစ် ဂန္ဓီ ကို ပုတ်ခတ်ခဲ့လို့ သူ့ကို ထောင် ခဏ ချခဲ့ဖူးပါတယ်။




