
စီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ သွားရောက် ရှင်းလင်း ခဲ့ပြီး ဖြစ်ပေမယ့် တချို့ က ကျေနပ်မှု မရှိကြပါ
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်း လုံးဝ ဖျက်သိမ်း ရေး အတွက် ဒေသခံ ၅၀၀ လောက် မတ်လ ၂၄ ရက်နေ့က ဆန္ဒပြ ခဲ့ကြ ပါတယ်။
မုံရွာ တဘက်ကမ်း ဆားလင်းကြီး ဒေသမှာ ရှိတဲ့ ဒီကြေးနီ စီမံကိန်း ဖျက်သိမ်းရေး လိုလားသူ ဒေသခံ တွေဟာ တုံရွာ ထိပ်ကနေ ဝမ်ပေါင် ကုမ္ပဏီ ရှေ့ထိ ချီတက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။
ဒီလို ဆန္ဒပြတာဟာ တရားဝင် ခွင့်ပြုချက် ၃ရက် ရထားတဲ့ အနက် ဒုတိယ မြောက်နေ့လည်း ဖြစ်ပါတယ်။
ဆန္ဒပြ သူတွေရဲ့ တောင်းဆို ချက်တွေ ကတော့ လက်ပံတောင်း တောင် ဒေသ ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး၊ မီးလောင်ဗုံး တရားခံ တွေကို ဖေါ်ထုတ် ပေးရေး နဲ့ ပုဒ်မ ၁၄၄ ကို ပြန်ရုပ် သိမ်းပေးရေး တို့ဖြစ်ကြောင်း တုံရွာ ဒေသခံ တယောက် ဖြစ်တဲ့ ကိုသူရက ပြောပြ ပါတယ်။
သူတို့ အနေနဲ့ ဘယ်လောက် လျော်ကြေး ပေးပေး လက်မခံမှာ မဟုတ်ဘဲ တောင်းဆို ချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြ သွားမှာ ဖြစ်တယ်လို့ ကိုသူရက ပြောပါတယ်။
ဆန္ဒပြပွဲကို အာဏာပိုင်က စောင့်ကြည့် တာမျိုးဘဲ ရှိပြီး ဟန့်တား နှောင့်ယှက် တာမျိုး မရှိဘူးလို့ သိရပါတယ်။












