
ပြည်ထောင်စု ပုံစံ ကျင်းပတာ ကောင်းတဲ့ အလားလာ လို့ နိုင်ငံသာ ပြော
နေပြည်တော်မှာ အစိုးရက ဦးစီး ကျင်းပမယ့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနား ကို အစိုးရနဲ့ အပစ်ရပ်စဲ ထားတဲ့ အဖွဲ့ ၁ဝ ခု လောက်က ကိုယ်စားလှယ် တွေ တက်ရောက်မှာ ဖြစ်ပါတယ်။
အခုလို အစိုးရ ကနေ အပစ်ရပ် အဖွဲ့ တွေကို ဖိတ်ကြားပြီး ပြည်ထောင်စု ပုံစံ ကျင်းပ တာ ကောင်းတဲ့ အလားလာ ဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီ အတွင်းရေးမှူး နိုင်ငံသာက ဘီဘီစီကို ပြောပါတယ်။
လူမျိုး တမျိုးတည်း ကနေ အားလုံးကို ခြုံငုံတဲ့ ပုံစံမျိုး မဟုတ်ဘဲ အားလုံး ပိုင်ဆိုင်တဲ့ အားလုံး နေထိုင်တဲ့ နိုင်ငံ တခု ဆိုတဲ့ သဘောထားမျိုး သက်ရောက် တယ် လို့လည်း နိုင်ဟံသာ ကပြောပါတယ်။
အစိုးရ ဘက်က တာဝန် ရှိသူတွေက တိုင်းရင်းသား ကိုယ်စားလှယ် တွေကို သမ္မတနဲ့ တွေ့ဆုံ နိုင်အောင် စီစဉ်ထား တယ်လို့လဲ နိုင်ဟံသာက ပြောပါတယ်။
လက်ရှိ အနေ အထားမှာ ဗမာ တိုင်းရင်းသားတွေနဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ အကြားမှာ အမြင် မတူမှု တချို့ ရှိနေတယ် လို့ သူက ဆက်ပြောသွား ပါတယ်။












