
ပါတီ ဒုတိယ ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် နောက်ထပ် ဒုဥက္ကဌ အသစ်နှစ်ဦးကိုလည်း ခန့်အပ်ခဲ့
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပထမ အကြိမ် ညီလာခံ ကနေ နိုင်ငံတော် သမ္မတဦးသိန်းစိန် ကို ပါတီ ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးချယ်ခဲ့ ပါတယ်။
ပါတီ ဒုတိယ ဥက္ကဌတွေ အဖြစ် သူရ ဦးရွှေမန်း အပါအဝင် နောက်ထပ် ဒုဥက္ကဌ အသစ် နှစ်ဦး အဖြစ် သူရ ဦးအေးမြင့်နဲ့ ဦးဌေးဦးတို့ ကို ရွေးချယ် ခန့်အပ်ခဲ့ ပါတယ်။
ဗဟို ကော်မတီဝင် ၂၂၅ ဦးနဲ့ အရံ ဗဟိုကော်မတီဝင် ၇၅ ဦးကိုလည်း ရွေးချယ်ခဲ့ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပါတီအောင်မြင်ရေးအတွက် အကြံဉာဏ်များ ပေးနိုင်ဖို့ ပါတီ အတိုင်ပင်ခံ အဖွဲ့သစ် တခုကို ဖွဲ့စည်း လိုက်ပြီး အဲဒီ အဖွဲ့မှာ ဦးအောင်သောင်း၊ ဦးစိုးသာ နဲ့ ဦးတင်ထွတ်တို့ ပါဝင်ကြ ပါတယ်။
သမ္မတ ဦးသိန်းစိန် ကတော့ အခုလက်ရှိ အစိုးရ လုပ်ငန်း တာဝန်တွေ ထမ်းဆောင် နေရ တာကြောင့် ပါတီ လုပ်ငန်းတွေ အတွက် သူရ ဦးရွှေမန်း ကပဲ ဥက္ကဋ္ဌ တာဝန် တွေကို ပူးတွဲယူ သွားမယ် လို့ ညီလာခံက ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။












