
ဒီမိုကရေစီ ဆုရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်
ဝါရှင်တန်မှာ မြန်မာ နိုင်ငံက လူမှုရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူ ၅ ဦးကို NED အဖွဲ့က ဒီမိုကရေစီ ဆု ချီးမြှင့် ခဲ့ပါတယ်။
ဒီပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား တွေ အားလုံး နိုင်ငံကူး လက်မှတ် မရလို့ မလာတဲ့ မင်းကိုနိုင်က လွဲပြီး ခွန်ထွန်းဦး၊ ကျော်သူ၊ ဒေါက်တာ စင်သီယာ မောင် နဲ့ ဦးအောင်ဒင် တို့ တက်ရောက် ဆုလက်ခံ ခဲ့ကြပါတယ်။
မြန်မာ့ ဒိမိုကရေစီ ရေးအတွက် နှစ်ရှည်လများ အနစ်နာခံ အကျဉ်းကျခံပြီး စိုက်လိုက်မတ်တတ် ဆောင်ရွက်လာတဲ့ ပြည်တွင်း ပြည်ပကအတိုက်အခံ ခေါင်းဆောင်များ၊ လူမှုရေး လှုပ်ရှားသူ များကို ချီးမြှင့်တာ ဖြစ်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ကျင်းပ ခဲ့ပါတယ်။
ဒီဆု ရခြင်းထက် မြန်မာ နိုင်ငံက စစ်ဘေးတွေ၊ ပညာရေး၊ ကျန်းမာရေး ၊ သဘာဝ ဘေးဒဏ်ခံ ပြည်သူတွေ အတွက် ပိုတိုး ရွက်ဆောင်သွားရမယ်လို့ ဆုရှင် နာရေး ကူညီမှု အသင်းက ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။
ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး ကလဲ တိုင်းရင်းသား ဒေသ တွေမှာ စစ်မီးတွေ ရပ်စဲဖို့ အလေးပေး ပြောကြား ခဲ့ပါတယ်။
ဒီပွဲ တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ 'Goddess of Democracy 'ဒီမိုကရေစီ နတ်ဒေဝီ ဆုရုပ်တု အပ်နှင်း ခဲ့ကြပါတယ်။












