
နယူးယောက်မှာ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပ
ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိက ရောက်နေတဲ့ ရှမ်း နိုင်ငံရေး သမား ခွန်ထွန်းဦးကို သမ္မတ ရဲ့ ကုလ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့မှာ ထည့်ထားတယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။
အမေရိကကို မထွက်ခင် ကဘဲ သံတမန် နိုင်ငံကူး လက်မှတ် လုပ်ဖို့ နိုင်ငံခြားရေး ရုံးက ပြောလာလို့ လုပ်ခဲ့ရကြောင်း၊ ဝန်ကြီး ဦးအောင်မင်း ကလဲ အစီအစဉ်ကို ရေရေရာရာ မပြောတဲ့ အတွက် သေချာ မသိရဘဲ လိုက်ရတာလို့ သိရပါတယ်။
နာမည်ခံရုံ သက်သက် လိုက်ရဖို့ များပေမယ့် ဒီအချိန်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ရေး လမ်းကြောင်းကို ထောက်ခံရမယ်လို့ ယူဆလို့ လက်ခံလိုက်တယ် လို့ စိုင်းညွန့်လွင် က ဆိုပါတယ်။
SNLD ပါတီ ခေါင်းဆောင် ခွန်ထွန်းဦး ဟာ ၂ဝဝ၅ ခုနှစ်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၉၃ နှစ် ခန္တီး ထောင်မှာ ကျခံခဲ့ရပြီး ၂ဝ၁၂ ကမှ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာပါတယ်။












