အမွေမှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံဝင်ဖို့ရှိ

ASSK's house
ဓာတ်ပုံ ပုံစာ, အမွေမှု ရင်ဆိုင်နေရတဲ့ ဒေါ်စုနေထိုင်ရာအိမ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုနဲ့ ပတ်သက်ပြီး အမွေကို တဝက်စီ အညီအမျှ ရယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့တာကို အယူခံဝင်သွားမယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်း ကပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား အဖြစ် ခံယူထားသူ ဖြစ်တဲ့ အတွက် ရွှေ့ပြောင်းလို့ မရတဲ့ ပိုင်ဆိုင်ပစ္စည်းကို ပိုင်ဆိုင်ရယူခွင့် မရှိကြောင်း လျှောက်ထားအယူခံဝင် သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကြိုက်နှစ်သက်သလောက် လက်ရှိအိမ်မှာ နေထိုင်နိုင်ပြီး အိမ်ကို ရောင်းချတဲ့ အခါကျမှ တယောက်တဝက်စီ ခွဲဝေယူကြမယ့် အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး အကြား ပဋိဉာဉ် စာချုပ်ရှိကြောင်းပြောဆိုပြီး အဲသလို စာချုပ်ရှိကြောင်းကို ဦးအောင်ဆန်းဦးဘက်က ငြင်းဆိုခြင်းလည်း မရှိဘူးလို့ ပြောပါတယ်။

တရားရုံးက ဒီပဋိဉာဉ်ကို အလေးအနက် ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အယူခံလျှောက်ထားရာမှာ အဲဒီ ပဋိဉာဉ်ကို အလေးအနက် ထည့်သွင်း စဉ်းစားဖို့ လျှောက်ထားသွားမယ်လို့လည်း ဉီးဉာဏ်ဝင်းက ဆိုပါတယ်။