ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ဆန္ဒပြဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ရရာလက်နက် ကိုင်ဆောင်ဖွဲ့စည်းထားကြတဲ့ ဒေသကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာကာ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုနောက် ထူးခြားနေ့စွဲမှတ်တမ်းတွေကို စုစည်းဖော်ပြထားပါတယ်။ နောက်ထပ်ဖြစ်ထွန်းမှုတွေကိုလည်း ဒီစာမျက်နှာမှာ နေ့စွဲအလိုက် ထပ်မံဖော်ပြပေးသွားပါမယ်။