ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကနေဒါ ဟောလိုဝင်းပွဲတော်ညမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် နှစ်ဦးသေ ၊ငါးဦးဒဏ်ရာရ
ကနေဒါနိုင်ငံကွေဘက်မြို့ ဟောလိုဝင်းပွဲတော်ညမှာ ရှေးခေတ် ဆယ်ရာစုနှစ်ဝန်းကျင်လောက်က အဝတ်အစားတွေကို ဝတ်ထားတဲ့ လူတစ်ယောက်က ဓားနဲ့လိုက်ထိုးမှုကြောင့် အနည်းဆုံးလူနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် အခြားလူငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အသက် ၂၀ အရွယ်ရှိအမျိုးသားတစ်ဦးကို ဒေသစံတော်ချိန် ၁နာရီခန့်မှာ ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်၊
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး ရဲတွေက ကွေဘက်မြို့ခံတွေကို တံခါးတွေ သော့ခတ်ထားပြီး အိမ်တွင်းမှာပဲနေကြဖို့ အကြံပေးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သမိုင်း၀င်ကွေဘက် ရပ်ကွက်အနီးမှာ ဖြစ်ပွားခဲ့ပါတယ်။
ကွေဘက် ပါလီမန်ကုန်းမြင့်အနီးမှာဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေသစံတော်ချိန် ည ၁၀ နာရီခွဲ မတိုင်မီမှာ ဒီသတင်းစပြီး ကြားခဲ့ရတာ ဖြစ်ပါတယ်။
ကွေဘက် Espace 400e စီးပွားရေးဥယျာဉ်မြို့တော်အနီးမှာ ဓားနဲ့ထိုးတဲ့သူလို့ ယူဆရသူ အဖမ်းခံရပြီးနောက် အဲ့ဒီသူကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူငါး ဦးဟာလည်းဆေးရုံ မှာဆေးကုသမှုတွေခံယူနေရပါတယ် ။