ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါမောက္ခချုပ် ဆရာတော်ကို တွဲဘက် သာသနာပိုင်တင်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန် တောရ ဆေကိန္ဒာရာမကျောင်းတိုက် မဟာဓမ္မဗိမာန်တော်မှာ ကျင်းပတဲ့ အကြိမ်(၂ဝ) မြောက် ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးက စစ်ကိုင်းက ပါမောက္ခချုပ် ဆရာတော် ဥုးနန္ဒမာလာဘိဝံသနဲ့ မန္တလေး စည်ရှင်ဆရာတော် တို့ကို တွဲဘက်သာသနာပိုင်တင်မြှောက်တာ ဖြစ်ပါတယ်။
ဟောပြောပို့ချမှုမှာ နာမည်ကြီးတဲ့ ပါမောက္ခချုပ် ဆရာတော်ဟာ သက်တော် ၇၈ နှစ် ရှိပြီလို့ သိရပါတယ်။
သူသာမဏေ နဲ့ ရဟန်းဘောင်ဝင်စဉ်က ဥပဇ္စျာယ် ဆရာ အဖြစ် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်က ဆောင်ရွက်ခဲ့ပါတယ်။
သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြုတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံတို့မှာ ပါမောက္ခချုပ် တာဝန်တွေ ထမ်းရွက်နေလို့ ပါမောက္ခချုပ် ဆရာတော် အဖြစ် ထင်ရှားပါတယ်။
၁၉၅၈ ကတည်းက စစ်ကိုင်း မဟာသုဗောဓာရုံတိုက်ကို နောင်တော်တွေနဲ့အတူ တည်ထောင်ခဲ့ပြီး လက်ရှိ ပဓာန နာယက ဆရာတော်အဖြစ် ဆောင်ရွက်နေပါတယ်။
လက်ရှိ ရွှေကျင်ဂိုဏ်းမှာ သာသနာပိုင် အဖြစ် ရန်ကုန် ဝိဇ္ဇောတာရုံ တရာတော်၊ တွဲဘက် သာသနာပိုင် အဖြစ် မတ္တရာ သူဌေး ဆရာတော်နဲ့ သီတဂူ ဆရာတော်တို့ တာဝန်ယူထားပါတယ်။