ရခိုင်ဝန်ကြီးချုပ် ကားတန်း ဖြတ်အပြီး ဆွဲမိုင်း ပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, U Nyi Pu facebook
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာတဲ့ ယာဉ်တန်းဟာ အမ်းကနေ စစ်တွေကိုအသွား ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်က ယောချောင်းတံတားအနီးမှာ ဆွဲမိုင်း ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေး အရာရှိ ဦးကျော်ခင်က ဘီဘီစီကို ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ မော်တော်ယာဉ်တန်း ဖြတ်သန်းအပြီး မိနစ်ပိုင်းအတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပေမယ့် တစုံတရာ ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ ဆိုပါတယ်။
အခုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ စစ်ဆေးနေပြီး ဝန်ကြီးချုပ်ရဲ့ ကားတန်းကတော့ ကျောက်တော်ကို ဆက်သွားနေပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတချို့ပါဝင်တဲ့ အဖွဲ့ဟာ ဒေသဖွံဖြိုးရေးအတွက် ဂွ သံတွဲ အမ်း ကျောက်တော် တောင်ကုတ် ခရီးစဉ် အခု သီတင်းပတ်အစောပိုင်းကတည်း စတင်နေတာ ဖြစ်ပါတယ်။





