ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောလစ်ဖ် ယန်း ကွယ်လွန်
မြန်မာနိုင်ငံမှာ တချိန်က ကိုးကန့် အမျိုးသမီး စစ်ခေါင်းဆောင် တယောက် အဖြစ် ထင်ရှားခဲ့တဲ့ အောလစ်ဖ် ယန်းဟာ အသက် ၉၁ နှစ် အရွယ်မှာ ရှမ်းပြည်နယ် မူဆယ်မှာ ဇူလိုင်လ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။
ကိုးကန့် စော်ဘွားသမီးနဲ့ စော်ဘွားနှမ တော်စပ်တဲ့ အောလစ်ဖ် ယန်းဟာ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှာ ဖမ်းဆီး ထိန်းသိမ်းတာလည်း ခံခဲ့ရပါတယ်။
၁၉၈၈ နောက်ပိုင်း ကိုးကန့် လက်နက်ကိုင်တပ်တွေနဲ့ မြန်မာ စစ်အစိုးရကြား အပစ်အခတ်ရပ်စဲရေးမှာ သူ ကြားဝင် စေ့စပ်ပေးခဲ့တယ်လို့လည်း ပြောဆိုကြပါတယ်။
သူ့ရဲ့ ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို လာမယ့် ၂၄ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ အောလစ်ဖ်ယန်းရဲ့ ဆွေမျိုးသားချင်းတွေက ဘီဘီစီကို ပြောပါတယ်။