မြန်မာရင်ဆိုင်နေရတဲ့ ICJ အမှု ၅ နှစ်ပြည့်

ဗီဒီယို ပုံစာ, မြန်မာရင်ဆိုင်နေရတဲ့ ICJ အမှု ၅ နှစ်ပြည့်
မြန်မာရင်ဆိုင်နေရတဲ့ ICJ အမှု ၅ နှစ်ပြည့်

ဒီဇင်ဘာ ၁၀ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲဆိုထားတဲ့အမှုကို မြန်မာက သွားရောက်ရင်ဆိုင်ခဲ့တာ ငါးနှစ်ပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့အပတ်ကပဲ ICJ မှာ ဂမ်ဘီယာ ဘက်ကနေ ပူးတွဲ တရားစွဲဖို့ တစ်နိုင်ငံ တပ်တိုးလာပါတယ်။ ဒီဖြစ်စဥ်တွေနဲ့ပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က တောင်းဆိုထားပါတယ်။ ဒီအမှုနှစ်ခု ဘယ်အဆင့် ရောက်နေပါပြီလဲ။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြ ပေးပါမယ်။