ယူကရိန်းက ဆောင်းတွင်းမှာ ငါးမျှားသူများ

ယူကရိန်းက ဆောင်းတွင်းမှာ ငါးမျှားသူများ

ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်စခဲ့တာဟာ ၄ နှစ် နီးပါး ရှိလာပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ ရုရှားက ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာခဲ့ပါတယ်။ အထူးသဖြင့် ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်တာကြောင့် နိုင်ငံတွင်းမှာ စွမ်းအင် မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ တဘက်မှာ ဆောင်းရာသီရဲ့ အအေးဒဏ်က အခြေအနေတွေကို ပိုဆိုးသွားစေခဲ့ပါတယ်။ တချို့ကတော့ အဲဒီ အအေးဒဏ်ကိုပဲ အသုံးချပြီး အချိန်တိုလေးပဲ ဖြစ်ပါစေ စစ်ဘေးက ဝေးဖို့ ကြံစည်ကြပါတယ်။ ဘီဘီစီသတင်းထောက် ဝီရာ ဒေးဗစ္စ ကိယဗ်မြို့က ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။