ထိုင်းရောက် မြန်မာတွေ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ

ထိုင်းရောက် မြန်မာတွေ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ

ထိုင်းအစိုးရဟာ သူ့နိုင်ငံထဲမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ဆက်တိုက် ညွှန်ကြားနေပြီး အခုနှစ်တွင်းမှာပဲ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်လာနေပါတယ်။ နယ်စပ်အဝင်တွေကို ပိုမိုတင်းကျပ်နေပြီး မြို့ပေါ်တွေက လုပ်ငန်းခွင်တွေအထိ ဝင်ရောက် စစ်ဆေးဖမ်းဆီးဖို့ပါ ပြောထားတယ်လို့ သိရပါတယ်။ နိုင်ငံခြားသား လုပ်သားရှားပါးမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖြေလျှော့မှုတွေ လုပ်ပေးနေပေမဲ့ တစ်ဖက်မှာ စစ်ဆေးဖမ်းဆီးမှုတွေ ဘာကြောင့် များလာတာပါလဲ။ ဒီလိုအခြေအ‌နေမှာ ထိုင်းရောက် သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာပါသလဲ။ မသူဇာလင်းက ပြောပြမှာပါ။