မိုးကုတ်နဲ့ မိုးမိတ်မှာ စစ်တပ် ပြန်အုပ်ချုပ်ဖို့ လုပ်

မိုးကုတ်နဲ့ မိုးမိတ်မှာ စစ်တပ် ပြန်အုပ်ချုပ်ဖို့ လုပ်

စစ်တပ်ဟာ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ ရှမ်းပြည်နယ်မိုးမိတ်မြို့တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လက်ထဲကနေ တရုတ်အကူအညီနဲ့ ပြန်ရခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်ဖို့ စီစဉ်နေတာပါ။ အဲဒီနေရာတွေကို ပြန်ရပြီးကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မန္တလေး-မိုးကုတ်လမ်းတစ်လျှောက်ကို အခုလထဲမှာပဲ စစ်တပ်က အလုံးစုံထိန်းချုပ်လိုက်နိုင်တာကြောင့် မိုးကုတ်မြို့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်ခေါ်ဆောင်လာခဲ့ပြီလို့သိရပါတယ်။ တစ်ဖက်မှာလည်း TNLA နဲ့ပတ်သက်ခဲ့သူတွေကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မိုးကုတ်မြို့ထဲမှာ ဘယ်လိုအခြေအနေ ရှိနေလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးပါမယ်။