ဂရင်းလန်ရဖို့ ဖြစ်အောင်လုပ်မယ်လို့ ထရမ့်ပြော

အမေရိကန် ပြည်ထောင်စုအနေနဲ့ ဂရင်းလန်ကို ဝယ်ယူနိုင်ရေး အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆတိုး အားထုတ်လာနေပါတယ် သူ့ရဲ့ လူမှုကွန်ရက်ပေါ် ဖြစ်တဲ့ ထရုသ် ဆိုရှယ်မှာလည်း တနင်္ဂနွေနေ့ အနှောင်းပိုင်းမှာ ဂရင်းလန်ကို ရုရှားရဲ့ အန္တရာယ်က ကင်းအောင်လုပ်ဖို့ နေတိုးက ဒိန်းမတ်ကို ပြောနေခဲ့တာ နှစ်ပေါင်း ၂၀ ရှိပြီ၊ ဒါပေမဲ့ အဲဒီ ကိစ္စအတွက် ဘာမှ မလုပ်နိုင်သေးဘူးလို့ ရေးတင်ခဲ့ပါတယ်။

စနေနေ့ကလည်း မစ္စတာ ထရမ့်က ယူကေ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဖင်လန် နိုင်ငံတွေကို ဖေဖော်ဝါရီ ၁ ရက်က စပြီး အခွန် ၁၀ ရာခိုင်နှုန်း တိုးမယ်ဆိုပြီး ပြောပါတယ်။ အဲဒီ နိုင်ငံတွေရဲ့ အမေရိကန်ဆီကို ပို့မယ့် ကုန်တွေအပေါ်မှာ ကောက်ခံမှာ ဖြစ်ပြီး လာမယ့် ဇွန်လ ၁ ရက်ကျရင် ၂၅ ရာခိုင်နှုန်းအထိ တက်မယ်လို့ ပြောပါတယ်။ ဘီဘီစီသတင်းထောက် ဂျိုး အင်ဝုဒ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။