အမေဇုံ ဘီလျံနာသူဌေးကြီး ဂျက်ဖ် ဘေးဇော့စ်နဲ့ လော်ရင်း ဆန်းချက်ဇ်ရဲ့ ဗင်းနစ်မြို့ မင်္ဂလာပွဲ တက်ရောက်လာတဲ့ ဆယ်လီတွေ

လော်ရန်း ဆန်းချက်ဇ်နဲ့ ဂျက်ဖ် ဘေးဇော့စ်တို့ကို မင်္ဂလာဝတ်စုံနဲ့ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Instagram/Reuters

အမေဇုံ ကုမ္ပဏီ တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်ဖ် ဘေးဇော့စ်နဲ့ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ လော်ရင်း ဆန်းချက်ဇ်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ဗင်းနစ်မြို့မှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲ တက်ရောက်လာတဲ့ ထိပ်တန်း နာမည်ကြီး မင်းသားမင်းသမီးတွေ၊ တော်ဝင်မိသားစုဝင်တွေ ပါဝင်တဲ့ ဧည့်သည်တော်တွေနောက်ကို ပါပါရာဇီ ဓာတ်ပုံရိုက်သူတွေက အငှားယာဉ် မော်တော်ဘုတ် တွေနဲ့ လိုက်ပြီး အမိအရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

မင်္ဂလာပွဲ တက်ရောက်လာသူတွေထဲမှာ အိုပရာ ဝင်းဖရီး၊ အိုလန်ဒို ဘလွန်းမ်၊ ကိုင်လီ ဂျန်နာ၊ အီဗန်နာ ထရမ့် တို့ကို တွေ့ရပါတယ်။

ဒီကနေ့ စနေနေ့မှာတော့ အလယ်ခေတ် သင်္ဘောကျင်းဟောင်း နေရာတစ်ခုမှာ ပါတီပွဲကြီး ဆင်နွှဲပြီး ၃ ရက်ကြာ မင်္ဂလာပွဲကို အဆုံးသတ်မှာ ဖြစ်ပြီး လေဒီ ဂါဂါနဲ့ အယ်လ်တန် ဂျွန်တို့ ဖျော်ဖြေကြမယ်လို့ ယူဆရပါတယ်။

နာရီပေါင်း ၉၀၀ ကြာအောင် ချုပ်ခဲ့ရတဲ့ ဒိုလ်ချေ နဲ့ ဂဘာနာ ဒီဇိုင်နာ ဇာဖောက် သတို့သမီးဝတ်စုံ ဝတ်ထားတဲ့ ဆန်းချက်ဇ်က မင်းသမီးတစ်ဦးလို သူ့ကိုယ်သူ ခံစားမိတယ်လို့ ဓာတ်ပုံဆရာတွေကို ပြောခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ဆန်းချက်ဇ် က အခမ်းအနားအပြီး ပျော်ရွှင်မြူးတူးနေတဲ့ အသက် ၆၁ နှစ်အရွယ် ဘေးဇော့စ်ရဲ့ဘေးမှာ ပြုံးရွှင်လျက်သား ယှဉ်တွဲရပ်နေပုံကို အင်တာဂရမ်ပေါ် တင်ခဲ့ပြီး အသဲပုံနဲ့ သူတို့ရဲ့ မင်္ဂလာနေ့စွဲကို ရေးထားပါတယ်။

မင်္ဂလာပွဲကို လူ ၂၀၀ လောက် ဖိတ်ကြားခဲ့ပြီး အဲဒီထဲက ၇၀ က မိသားစုဝင်တွေ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ကတော့ သူ့မင်္ဂလာပွဲမှာ အရမ်း ရင်းနှီးတဲ့သူတွေကိုပဲ ဖိတ်ထားတယ်လို့ Vogue မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

သောကြာနေ့က ဆန် ဂျော်ဂျို ကျွန်းငယ်လေးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခမ်းအနားမှာ အီတာလျံ ဂန္ဓဝင်အဆိုတော် အန်ဒရီယာ ဘိုချယ်လီရဲ့ သား မက်တီယို ဘိုချယ်လီ ကသီဆို ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

အညိုနဲ့ အဖြူရောင် အပွင့် ဂါဝန် ဝတ်ထားတဲ့ အိုပရာ ဝင်းဖရီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က ဘေးဇော့စ်နဲ့ ဆန်းချက်ဇ် တို့ရဲ့ စေ့စပ်ပွဲကို တက်ခဲ့သူ အိုပရာ ဝင်းဖရီး ကိုလည်း ဧည့်သည်တော် ၂၀၀ ထဲမှာ တွေ့ရ
ဗင်းနစ်မြို့က မော်တော်ဘုတ်တစ်စင်းပေါ်မှာ ကင်မ်နဲ့ ကလိုဝီ ကာဒက်ရှီယန် ညီအစ်မ လက်နှစ်ချောင်းထောင်ပြီး ပုံပေးနေတာကို အမေဖြစ်သူ ခရစ်စ်ဂျန်နာက ဓာတ်ပုံရိုက်ပေးနေပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကင်မ်နဲ့ ကလိုဝီ ကာဒက်ရှီယန် ညီအစ်မတို့လည်း မင်္ဂလာပွဲက ပုံတွေကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့၊ အငှားယာဉ် မော်တော်ဘုတ် တစ်စင်းပေါ်မှာ သူတို့ညီအစ်မကို တွေ့ရပုံ
မင်းသား အိုလန်ဒို ဘလွန်းမ်က ဓာတ်ပုံဆရာတွေကို ငြိမ်းချမ်းရေးသင်္ကေတ လက်နှစ်ချောင်းထောင်ပြနေပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မင်္ဂလာပွဲကနေ ထွက်ခွာလာစဉ် မင်းသား အိုလန်ဒို ဘလွန်းမ်က ဓာတ်ပုံဆရာတွေကို ငြိမ်းချမ်းရေးသင်္ကေတ လက်နှစ်ချောင်းထောင်ပြနေပုံ
သတို့သား ဘေးဇော့စ် က မော်တော်ဘုတ်ငယ်တစ်စင်းပေါ်ကနေ လက်ဝှေ့ယမ်း နှုတ်ဆက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတို့သား ဘေးဇော့စ် က မော်တော်ဘုတ်ငယ်တစ်စင်းပေါ်ကနေ လက်ဝှေ့ယမ်း နှုတ်ဆက်

မင်္ဂလာအခမ်းအနားအတွက် ငွေဘယ်လောက် ကုန်ကျခဲ့သလဲ ဆိုတာ အတိအကျ မသိရပေမဲ့ ဒေါ်လာ သန်း ၂၀ ကနေ သန်း ၅၀ အတွင်း ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ကန့်ကွက် ဆန္ဒပြနေသူတွေထဲမှာ ဗင်းနစ်မြို့ကို ခရီးသွားတွေ မတန်တဆ အလာများတာအပေါ် ကန့်ကွက်နေကြတဲ့ ဒေသခံတွေက အစ ရာသီဥတု ပြောင်းလဲလာမှုအပေါ် ကန့်ကွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ အထိ အမျိုးမျိုးအစားစား ပါဝင်ပါတယ်။

ဒီမင်္ဂလာပွဲဟာ ဆန်းချက်ဇ် အတွက်ရော၊ ဘေးဇော့စ် အတွက်ပါ ဒုတိယ အိမ်ထောင် မင်္ဂလာပွဲ ဖြစ်ပါလိမ့်မယ်။

သူတို့ နှစ်ဦးစလုံးမှာ အရင်အိမ်ထောင်တွေ၊ သမီးရည်းစား ဆက်ဆံရေးတွေကနေ ရထားတဲ့ သားသမီး စုစုပေါင်း ၇ ဦး ရှိပါတယ်။

ဆန်းချက်ဇ်နဲ့ ဘေးဇော့စ် တို့ဟာ ၂၀၂၃ ခုနှစ် မေလတုန်းက ပေ ၄၁၇ ရှည်ပြီး မော်ရီသင်္ကေတ ဘဝသစ်လို့ တင်စား အမည်ပေးထားတဲ့ ကော်ရူး ဆိုတဲ့ ရွက်လှေကြီး ပေါ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာတော့ Beverly Hills မှာ စေ့စပ်ပွဲ ကျင်းပခဲ့ရာမှာ အိုပရာ ဝင်းဖရီး၊ ဆယ်လ်မာ ဟေယက်ခ် ပီနောလ်တ်၊ ဘာဘရာ စတြိုင်ဆန်၊ ခရစ်စ် ဂျန်နာ တို့ တက်ရောက်ခဲ့ကြပါတယ်။

ဆန်းချက်ဇ်အတွက် သတို့သမီးဝတ်စုံကို ဖက်ရှင်ဒီဇိုင်နာ ဒိုမေနီကို ဒိုလ်ချေ က ကူချုပ်ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆန်းချက်ဇ်အတွက် သတို့သမီးဝတ်စုံကို ဖက်ရှင်ဒီဇိုင်နာ ဒိုမေနီကို ဒိုလ်ချေ က ကူချုပ်ပေးခဲ့
ဗင်းနစ်မြို့ ဆန် ဂျော်ဂျို ကျွန်းငယ်ဆီ သွားနေတဲ့ သတို့သား ဂျက်ဖ် ဘေးဇော့စ် ကို လှမ်းမြင်လိုက်ရလို့ ပါးစပ် အဟောင်းသားနဲ့ အံ့သြ စိတ်လှုပ်ရှားနေကြတဲ့ လမ်းသွားလမ်းလာတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဗင်းနစ်မြို့ ဆန် ဂျော်ဂျို ကျွန်းငယ်ဆီ သွားနေတဲ့ သတို့သား ဂျက်ဖ် ဘေးဇော့စ် ကို လှမ်းမြင်လိုက်ရလို့ ပါးစပ် အဟောင်းသားနဲ့ အံ့သြ စိတ်လှုပ်ရှားနေကြတဲ့ လမ်းသွားလမ်းလာတွေ
ဗင်းနစ်မြို့ မှာ ဆယ်စုနှစ်ပေါင်းများစွာ တူးမြောင်းတွေပေါ်ကနေ ခရီးသွားလာခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗင်းနစ်မြို့ မှာ ဆယ်စုနှစ်ပေါင်းများစွာ တူးမြောင်းတွေပေါ်ကနေ ခရီးသွားလာခဲ့ကြ
ကလိုဝီ ကာဒက်ရှီယန်နဲ့ မိခင် ခရစ်စ် ဂျန်နာ တို့ ဗင်းနစ်မြို့ရဲ့ အပူဒဏ်ကို ရင်ဆိုင်နေကြပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလိုဝီ ကာဒက်ရှီယန်နဲ့ မိခင် ခရစ်စ် ဂျန်နာ တို့ ဗင်းနစ်မြို့ရဲ့ အပူဒဏ်ကို ရင်ဆိုင်နေကြပုံ
အမေရိကန် အဆိုတော်၊ တေးရေးဆရာ အာရှာနဲ့အတူ နာမည်ကျော် အမေရိကန် ဘောလုံးသမား တော်မ် ဘရေဒီ ကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် အဆိုတော်၊ တေးရေးဆရာ အာရှာနဲ့အတူ နာမည်ကျော် အမေရိကန် ဘောလုံးသမား တော်မ် ဘရေဒီ ကိုတွေ့ရစဉ်
ရာသီဥတု ထိခိုက်စေတယ်၊ ကမ္ဘာလှည့်ခရီးသည် မတန်တဆ များလာစေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေက ဗင်းနစ်မြို့မှာ ကန့်ကွက်ဆန္ဒပြနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရာသီဥတု ထိခိုက်စေတယ်၊ ကမ္ဘာလှည့်ခရီးသည် မတန်တဆ များလာစေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေက ဗင်းနစ်မြို့မှာ ကန့်ကွက်ဆန္ဒပြနေကြ
မင်္ဂလာပွဲ အခမ်းအနားကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူတချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်္ဂလာပွဲ အခမ်းအနားကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူတချို့
အမေရိကန် ဆယ်လီ ခရစ်စ် ဂျန်နာနဲ့ သူ့လက်တွဲဖော် မန်နေဂျာ ကိုရီ ဂမ်ဘယ်လ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် ဆယ်လီ ခရစ်စ် ဂျန်နာနဲ့ သူ့လက်တွဲဖော် မန်နေဂျာ ကိုရီ ဂမ်ဘယ်လ်
ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ အက်ဒွက် အန်နင်ဖူလ်နဲ့ အီတာလျံ မော်ဒယ် ဗစ်တိုးရီးယား ချက်ရက်တီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ အက်ဒွက် အန်နင်ဖူလ်နဲ့ အီတာလျံ မော်ဒယ် ဗစ်တိုးရီးယား ချက်ရက်တီ
အမေရိကန် နည်းပညာ စွန့်ဦးတီထွင်သူ သူဌေးကြီး ဘေလ် ဂိတ်စ်နဲ့ လက်တွဲဖော် ပေါ်လာ ဟာ့ဒ် တို့ကိုလည်း တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် နည်းပညာ စွန့်ဦးတီထွင်သူ သူဌေးကြီး ဘေလ် ဂိတ်စ်နဲ့ လက်တွဲဖော် ပေါ်လာ ဟာ့ဒ် တို့ကိုလည်း တွေ့ရ
ဟောလီးဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယို ကတော့ အနက်ရောင် ဘေ့စ်ဘောလ် ဦးထုပ်ဆောင်းထားပြီး မင်္ဂလာပွဲကို ခပ်လျှိုလျှို ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟောလီးဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယို ကတော့ အနက်ရောင် ဘေ့စ်ဘောလ် ဦးထုပ်ဆောင်းထားပြီး မင်္ဂလာပွဲကို ခပ်လျှိုလျှို ရောက်လာ
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သမီး အီဗန်ကာ ထရမ့်နဲ့ ခင်ပွန်း ဂျယ်ရက် ကူရှ်နာ တို့ ညနေခင်းဝတ်စုံနဲ့ မင်္ဂလာပွဲ တက်ရောက်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သမီး အီဗန်ကာ ထရမ့်နဲ့ ခင်ပွန်း ဂျယ်ရက် ကူရှ်နာ
ဇွန်လ ၂၆ ရက်က လော်ရန်း ဆန်းချက်ဇ်နဲ့ ဂျက်ဖ် ဘေးဇော့စ်တို့ အငှားယာဉ် မော်တော်ဘုတ်ငယ်တစ်စင်းပေါ်ကနေ အတူယှဉ်တွဲပြီး လက်မထောင်ပြနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇွန်လ ၂၆ ရက်က လော်ရန်း ဆန်းချက်ဇ်နဲ့ ဂျက်ဖ် ဘေးဇော့စ်တို့ အငှားယာဉ် မော်တော်ဘုတ်ငယ်တစ်စင်းပေါ်ကနေ အတူယှဉ်တွဲပြီး လက်မထောင်ပြနေပုံ