ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောမီးထိန်းဖို့ မီးသတ် ဒရုန်းတွေကို စမ်းသပ်
ပြီးခဲ့တဲ့ လတွေတုန်းက ဥရောပမှာ ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ လူတွေကို အရေးပေါ် နေရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဂရိစ် နိုင်ငံက မာဒဲရား ဒေသမှာ ဆိုရင် တောမီးလောင်ကျွမ်းမှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲပြီး အပူချိန် မြင့်တက်ချိန်တိုင်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားလေ့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေလည်း ကြိုးစား ရှာဖွေနေကြပါတယ်။ ဒီအထဲမှာ မီးငြိမ်းသတ်ဖို့အတွက် ဒရုန်းတွေကို နည်းလမ်း တစ်ခု အဖြစ် အသုံးပြုလာကြပါပြီ။ ဘီဘီစီ သတင်းထောက် ဟာရီးယက် ဘရဒ်ရှောရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးထားပါတယ်။