ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံကိုလာမယ်

ဗီဒီယို ပုံစာ, ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံကိုလာမယ်
ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံကိုလာမယ်

စစ်ခေါင်းဆောင်ရဲ့ဖိတ်ကြားမှုနဲ့ ဘယ်လာရုစ်သမ္မတဟာ မကြာမီကာလအတွင်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ဖို့ရှိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်အနေနဲ့ ဘယ်လာရုစ်နိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ဖူးပေမဲ့ လက်ရှိဘယ်လာရုစ်သမ္မတ အနေနဲ့ကတော့ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘယ်လိုကိစ္စတွေကို ဆွေးနွေးလုပ်ဆောင်ဖို့ရှိနေပါသလဲ။ဒီအကြောင်း မစန္ဒာဝင်းက ပြောပြမှာပါ။